လွှတ်တော်သိက္ခာ မထိခိုက်စေဘဲ သတင်းရေးရန် ညွှန်ကြား

E-mail Print
နေပြည်တော်တွင် ခေါ်ယူကျင်းပလျက်ရှိသည့် လွှတ်တော် အစည်းအဝေးများသို့ ပြည်တွင်းပြည်ပ သတင်းထောက်များကို တက်ရောက် သတင်းယူခွင့် ပေးထားသော်လည်း လွှတ်တော်၏ ဂုဏ်သိက္ခာထိခိုက်စေရန် ရေးသားပေးပို့မှုများ မလုပ်ကြရန် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထောက်များအား ညွှန်ကြားချက် ပေးထားသည်။

ATWaug23-2
လွှတ်တော်အစည်းအဝေး တက်ရောက်နေသည့် ပြည်တွင်းပြည်ပ သတင်းထောက်များ လိုက်နာရန် အချက် ၁၆ ချက် ပါရှိသော ညွှန်ကြားချက် တစောင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အဆိုပါ အချက်များကို အထူး အလေးထား လိုက်နာရန်လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အရာရှိများက သတင်းထောက်များအား ထပ်ခါတလဲလဲ သတိပေး နေကြောင်း သိရသည်။

“လုံခြုံရေးအရ လိုက်နာရမယ့် အချက် တော်တော်များများ ပါတယ်” ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

လွှတ်တော်ပရ၀ဏ်အတွင်း ရှိနေစဉ် လုံခြုံရေး ကတ်ပြားများကို လည်ပင်းတွင် ချိတ်ဆွဲထားရမည်ဖြစ်ပြီး ကင်မရာနှင့် အသံဖမ်းစက်မှအပ မိုဘိုင်းလ်ဖုန်း၊ Laptop ကွန်ပျူတာများ အပါအ၀င် ခေတ်မီဆန်းပြားသော ဆက်သွယ်ရေး ကိရိယာများ လုံးဝ သယ်ဆောင်ခွင့် မပြုကြောင်း၊ လွှတ်တော်၏ လျှို့ဝှက်ချက်ကိစ္စများ မပေါက်ကြားစေရေး၊ ပြင်ပ လွှမ်းမိုးမှုများ မရှိစေရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများကို ပြန်ကြားရေး ကော်မတီ၏ ခွင့်ပြုချက်ရှိမှသာ တွေ့ဆုံရမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

သတင်းထောက်များသည် တာဝန်ခံအရာရှိ၏ ခွင့်ပြုချက်မရှိဘဲ သတ်မှတ်နေရာမှအပ ပြင်ပသို့ လုံးဝ သွားရောက်ခြင်း မပြုရန်လိုအပ်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌက ထွက်ခွာရန်ညွှန်ကြားလျှင် ပြန်လည်ထွက်ခွာ ရမည်ဖြစ်ကြောင်း သိရသည်။

“လွှတ်တော်တက်ဖို့ ၀င်ပြီးတာနဲ့ နေ့လယ် ၁၂ နာရီထမင်းစားချိန်မှာတော့ အိမ်ပြန်ခွင့်ပြုတယ်။ တခြားအချိန်တွေမှာ ကိုယ်ကြိုက်သလို ပြန်လို့မရဘူး။ အစည်းအဝေးပြီးမှ ပြန်ရမယ်လို့ သတ်မှတ်ထားတယ်။ ညွှန်ကြားချက်မှာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် သတင်းရေးသားတာတွေ မလုပ်ဖို့လည်း ပြောထားတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

လွှတ်တော်အစည်းအဝေး တက်ရန် ရောက်လာသော ကိုယ်စားလှယ်များကို အစည်းအဝေးမတိုင်မီ အင်တာဗျူးလုပ်ခြင်း၊ စုပြုံတိုးဝှေ့ ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

“သတင်းလာယူပါတယ် ဆိုနေမှ အင်တာဗျူးမလုပ်ရ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်း ဓာတ်ပုံရိုက်တာတွေ မလုပ်ရဘူးဆိုတော့ အားလုံးက အဲဒီအချက်ကို သဘောမကျဘူး။ အခုလို လွှတ်တော်မှာ သတင်း လာယူခွင့် ပြုတာကို ကြိုဆိုပေမယ့် ကန့်သတ်ချက်တွေက များတော့ လုပ်ရကိုင်ရတာ အတော်ခက်ခဲတယ်” ဟု စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် သတင်းစာဆရာတဦးက ပြောသည်။

လွှတ်တော်အစည်းအဝေး တက်ရောက်သတင်းယူသည့် သတင်းထောက်များ အားလုံး၏ ကိုယ်ရေးရာဇ၀င် များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တို့က မှတ်တမ်းတင်ထားပြီး သတင်းတပ်ဖွဲ့ ကွန်ပျူတာနှင့် စစ်ဆေးနိုင်သော ခေတ်မီ လုံခြုံရေးကတ်ပြားများ ထုတ်ပေးထားကြောင်း သိရှိရသည်။

လွှတ်တော်အစည်းအဝေးများသို့ ပြည်တွင်းပြည်ပသတင်းထောက်စုစုပေါင်း ၅၀ ကျော် တက်ရောက် သတင်းရယူခွင့် ပြုခဲ့ပြီး သတင်းထောက်များကို လွှတ်တော်တာဝန်ကျ ရဲသတင်းတပ်ဖွဲ့က လိုက်လံထောက်လှမ်း သတင်းယူကြသည်ဟု သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်