နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အိန္ဒိယအမတ်များ တောင်းဆို

E-mail Print
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရေး မြန်မာ့ ဒီမိုကရေစီရေး ဆိုင်ရာ အိန္ဒိယလွှတ်တော် အမတ်များ အဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခြင်းကို လွှတ်တော်အမတ်များအဖွဲ့က ကြိုဆိုသော်လည်း အစိုးရသစ်အနေဖြင့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးများအတွက် အမှန်တကယ် အလေးထားသည်ဆိုပါက နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကိုလည်း မဖြစ်မနေ လွှတ်ပေးသင့်သည်ဟု ဆိုသည်။

“အိန္ဒိယ လွှတ်တော်အမတ်များအနေနှင့် မြန်မာနိုင်ငံတွင်း စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ပေါက်ရန် မျှော်လင့်ကြောင်း၊ အစိုးရသစ်အနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးတွင် လိုအပ်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းစခြင်းဖြစ်ကြောင်း” ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့အရေး စိတ်ဝင်စား အားပေးသူ အိန္ဒိယလွှတ်တော်အမတ် ၁၀၀ ကျော်ပါဝင်သည့် အဆိုပါအဖွဲ့၏ တောင်းဆိုချက်ကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ အရှင်ဂမ္ဘီရစသည့် နိုင်ငံရေး အကျဉ်းသားပေါင်း နှစ်ထောင်ကျော် ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် ပတ်သက်သည့် ကိစ္စများတွင် အိန္ဒိယအစိုးရက နှုတ်ဆိတ်နေပြီး ယခင် မြန်မာစစ်အစိုးရနှင့် ရင်းနှီးစွာ ဆက်ဆံနေမှုများအပေါ် နိုင်ငံတကာမှ ဝေဖန်မှုများ ရှိသည်။

အမေရိကန်သမ္မတ အိုဘားမားက အိန္ဒိယအနေဖြင့် မြန်မာအစိုးရကို ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များအတွက် စည်းရုံးပြောဆိုသင့်သည်ဟု တိုက်တွန်းခဲ့ဖူးသည်။

အိန္ဒိယအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံနေခြင်းမှာ နှစ်နိုင်ငံနယ်စပ်ဒေသရှိ အိန္ဒိယခွဲထွက်ရေး သူပုန်များအရေး ပူးပေါင်းဆောင်ရွက်ရန် တခုတည်းသာရှိကြောင်း၊ သဘာဝဓာတ်ငွေ့ကဲ့သို့သော စီးပွားရေးကိစ္စရပ်များတွင် အိန္ဒိယမှ ရယူနိုင်ခြင်း မရှိကြောင်း၊ မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံကို မုန်းတီး၍ တရုတ်အစိုးရနှင့် မပူးပေါင်းလိုဟု ဆိုနေသော်လည်း အိန္ဒိယထက် တရုတ်ကိုသာ ပိုမိုယုံကြည်စိတ်ချနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် မိုဟန်ကူးမား၏ ပြောဆိုချက်များ ၂၀၁၀ ဒီဇင်ဘာလအတွင်းက ၀ီကီလိခ်စ်မှ ပေါက်ကြားခဲ့သေးသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အက်စ် အမ် ခရစ်ရှနား၏ မြန်မာပြည်ခရီးစဉ်အတွင်း အတွင်းဝန်တဦးက ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်