ရှေ့နေကိုဖိုးဖြူ တည ထိန်းသိမ်းခံရ

E-mail Print
ယမန်နေ့ညနေက ဧရာဝတီတိုင်းခရီးစဉ် တခုအတွင်း ထိန်းသိမ်းခံရပြီး ရန်ကုန်တိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းတွင် တညတာ နေခဲ့ရသူ လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူသည် လယ်သမားတချို့၏ အာမခံပေးမှုဖြင့် ယနေ့ ပြန်လည်လွတ်မြောက်လာသည်။

PhoePhyuဒဂုံမြို့သစ် (ဆိပ်ကမ်း)  ရဲတပ်ဖွဲ့ဝင်တို့က ကောင်းမွန်စွာ ပြောဆို ဆက်ဆံကြောင်း ကိုဖိုးဖြူက ပြောသည်။

“လယ်သမား၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ  အပြည့်အ၀ ရရှိဖို့ ကိစ္စတွေကို လုပ်ပေးနေတော့ တရားရုံးချိန်း တချို့ကို မသွားဖြစ်ခဲ့တဲ့ အတွက် အခုလို ဖမ်းဝရမ်း ထုတ်ခံရတာပါ” ဟု ကိုဖိုးဖြူက ဆိုသည်။

ကိုဖိုးဖြူသည် ရန်ကုန်မြို့ ဂလိုဘယ် အထည်ချုပ်စက်ရုံ၏ တရားစွဲဆိုမှုတခုကြောင့် အမှု ရင်ဆိုင်နေရသူဖြစ်သည်။ ထိုစက်ရုံမှ ကိုယ်ဝန်ဆောင် ၀န်ထမ်း မသီတာဦး၏ မွေးဖွားစရိတ်၊ ခွင့်ရက် ရရှိရေး တို့အတွက် ကိုဖိုးဖြူက ၂၀၁၀၊ နိုဝင်ဘာလတွင် ကူညီ တောင်းဆိုခဲ့ကြောင်း၊ ကိုဖိုးဖြူ၏ လုပ်ရပ်တချို့ကို  ဂလိုဘယ် အထည်ချုပ်စက်ရုံ ကုမ္ပဏီက မကျေနပ်၍ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း ကိုဖိုးဖြူက ပြောသည်။

ယခင်က ကိုဖိုးဖြူသည် အလုပ်သမား၊ လယ်သမားတို့ကို ကူညီစဉ် အာဏာပိုင်တို့၏ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ အကျဉ်းချခြင်းတို့ကို ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သည့်လက ကိုဖိုးဖြူ  ဦးဆောင်မှုဖြင့် လယ်သမား ၂၀ ကျော်သည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ သိမ်းခံထားရသည့် လယ်ယာမြေများ ပြန်ရရှိရေး၊ လယ်သမားများအတွက် အာမခံချက်ရှိသော လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပေးရေးတို့အတွက် နေပြည်တော်၌ ကျင်းပနေသော လွှတ်တော် အစည်းအဝေးများနှင့် သမ္မတထံ တင်ပြ တောင်းဆိုခဲ့ကြသည်။

ဆက်စပ်အင်တာဗျူး
လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်