အမတ်တဦးပယ်ဖျက်ခံရမှု ရခိုင်ပါတီ ကန့်ကွက်

E-mail Print
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ဦးအောင်ကျော်ဇံ ပယ်ဖျက်ခံရခြင်းသည် နိုင်ငံရေးအရ လုပ်ကြံခံရခြင်း ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ( RNDP) မှ ၎င်း၏ လုပ်ဖော်ကိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်  ၁၅ ဦးက သောကြာနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သည်။

Budjet_news
ဦးအောင်ကျော်ဇံ ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ကြောင်း၊ သူ့အား တရားစွဲခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဦးထွန်းအောင်ခိုင်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့တွင်ပင် ထိုသို့  ရှုံ့ချလိုက်ခြင်းဖြစ်သည်။

ဤဖြစ်ရပ်သည် "ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးအား နိုင်ငံရေးပြိုင်ဘက်များနှင့် ယင်းတို့၏ နောက်ကွယ် အသိုင်းအ၀ိုင်း အင်အားများက နိုင်ငံရေးအရ လုပ်ကြံမှု" ဖြစ်သည် ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးအောင်ကျော်ဇံသည် ရွေးကောက်ပွဲကာလတွင် အစိုးရကို ဝေဖန်ပြောဆိုခြင်း၊ အမျိုးသားရေးကိစ္စ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဇန်န၀ါရီလတွင် ကြံ့ဖွံ့ပါတီက ကန့်ကွက်သဖြင့် ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စွပ်စွဲချက်များတွင် အထောက်အထား ခိုင်လုံမှု မရှိဟု ဦးအောင်ကျော်ဇံက ဧရာဝတီကို ပြောသည်။

“ကျနော်က မဲအရေအတွက် သုံးသောင်းနီးပါး ရတယ်၊ ဦးထွန်းအောင်ခိုင်က တသောင်းကျော် ရတယ်၊ ဒါကို မတရားပြုကျင့်မှု လုပ်တယ် ဆိုပြီး စွပ်စွဲတယ်၊ မဲရုံးမှူးတွေကိုလည်းပဲ မတရား လုပ်ပေးလိုက်တယ်လို့ စွပ်စွဲတယ်၊ တကယ်တော့ မဲရုံမှူးတွေဟာ အစိုးရက ခန့်ထားပေးတဲ့ ကြံ့ခိုင်ရေးပါတီက လူတွေချည်းပါ” ဟု ဦးအောင်ကျော်ဇံက ဆိုသည်။

“RNDP ပါတီရဲ့နိုင်ငံရေးအရ အင်အားကောင်းလာတာကို နိုင်ငံရေးအရ လုပ်ကြံချင်တဲ့ ဆန္ဒနဲ့ အခုလို ဆုံးဖြတ်ချက် ချမှတ်တယ်လို့ ယူဆပါတယ်” ဟု သူက ဆက်ပြောသည်။

RNDP ပါတီ၏ ကိုယ်စားလှယ် ၉ ဦး သည် ရွေးကောက်ပွဲအပြီး  ကြံ့ဖွံ့ပါတီမှ ပြိုင်ဘက်များ၏ တရားစွဲဆိုခြင်း ခံရသည်။  အကြိမ်ကြိမ် အယူခံဝင်ခဲ့ကြပြီးနောက် ဦးအောင်ကျော်ဇံမှအပ အားလုံး  အနိုင်ရခဲ့သည်။

RNDP သည် ရွေးကောက်ပွဲတွင်  ကိုယ်စားလှယ် ၃၅ ဦး ရွေးကောက်ခံရပြီး ရာခိုင်နှုန်း အများဆုံး အနိုင်ရထားသည့် တိုင်းရင်းသား ပါတီတခု ဖြစ်သည်။

ဆက်စပ်သတင်းများ
ရခိုင် လွှတ်တော်ကိုယ်စားလှယ်များကို ကြံ့ဖွံ့ပါတီ တရားစွဲ
ကြံ့ဖွံ့ပါတီတောင်းဆိုချက် RNDP မလိုက်လျောနိုင်ဟု ဆို
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်