တောင်ငူတွင် နေရာအများအပြား ရေကြီး

E-mail Print
စစ်တောင်းမြစ်ရေလျှံသဖြင့် ပဲခူးတိုင်း တောင်ငူမြို့ နေရာအများအပြား ရေနစ်မြှုပ်သွားပြီး  စာသင်ကျောင်း၊ ဘာသာရေး အဆောက် အအုံများတွင် ရေဘေး ဒုက္ခသည် တသောင်းနီးပါး ရောက်ရှိနေသည်ဟု သိရသည်။ 

မြို့ပေါ် ရပ်ကွက် ၆ ခု နှင့် ညောင်ပင်သာ၊ အစ္စတု၊ မိုးကောင်း၊ ကချောင်း၊ ကသဲ ကျေးရွာများ ရေနစ်မြှုပ်နေကြောင်း ဒေသခံတို့က ဧရာဝတီကို ပြောသည်။

“အခုဆိုရင် ရန်ကုန်-မန္တလေး ကားလမ်းပေါ်ကို ကျော်ပြီလေ။ ရပ်ကွက် ၂၀ နဲ့ ၁၉ မြို့ကြီးလမ်းမှာ ဆိုလည်း ဆိုင်ကယ် မောင်းလို့မရဘူး၊ ဆိုင်ကယ်  တ၀က် အင်ဂျင်ပါ မြုပ်တယ်၊ အဲဒီတော့ ဆိုက်ကားသမား၊ လက်လုပ် လက်စားသမား ဘာမှ လုပ်လို့ မရဘူး ဒုက္ခ ရောက်နေကြတယ်” ဟု တောင်ငူမြို့ဒေသခံ ဦးစိန်ထွန်းက ဆိုသည်။

“အရင်လက ရေကြီးတုန်းကတော့ တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေရော၊ မြို့ခံတွေရော ၀ိုင်းပြီးတော့ လုပ်ပေးနိုင်တယ်၊ အခု တတိယ အကြိမ်လို့ ပြောလို့ရတယ်၊ ဒီအချိန်မှာတော့ ဘာမှ မလုပ်ပေးနိုင်သလို ဖြစ်နေတယ်၊ အထက်ဘက်က လိုနေတာပေါ့ဗျာ” ဟု ဦးစိန်ထွန်းက ဆက်ပြောသည်။

ကျန်းမာရေးဌာဝန်ထမ်း တချို့လည်း အကူအညီ ပေးနေကြောင်း၊ စနေနေ့တွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဆန်အိတ် ၄၅၀ ခန့် လာရောက် ကူညီသဖြင့် တအိမ်ထောင်လျှင် ဆန် ၂ ပြည်နှုန်း ရရှိခဲ့ကြကြောင်း သိရသည်။ 

တောင်ငူတွင် ဆွာချောင်းနှင့် ပသိ ဆည် ၂ ခုမှ ရေများ ဖောက်ထုတ်ပြီးနောက် ရေကြီးခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်တောင်းမြစ် အနီးအနားရှိ သရက်တောနှင့် ပေါက်တော ကျေးရွာ တချို့တွင်လည်း လယ်ဧက ၄၀၀၀ ခန့် ရေမြှုပ်နေသည်မှာ လဆန်းပိုင်းကတည်းက ဖြစ်ကြောင်း သိရသည်။

“ရေကြီးတဲ့အတွက် စာနပ်ရိက္ခာ အခက်အခဲ ရှိတာ တကြောင်း၊ လုပ်ငန်း ကိုင်ငန်းတွေ မလုပ်နိုင်တာ တကြောင်း၊ နောက်တခါ ကျောင်းသားတွေ ကျောင်းတက်တဲ့နေရာမှာလည်း အခက်အခဲ ဖြစ်တာပေါ့” ဟု တောင်ငူမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ဦးအောင်စိုးမြင့်က ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့်လက  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူး၊ ရခိုင်၊ မွန်၊ ကရင်၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသကြီးများတွင် နေရာအနှံ့  ရေကြီးခဲ့သည်။

သြဂုတ်လကုန်ပိုင်းတွင် ၃ ရက်ဆက်တိုက် သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် မကွေးတိုင်း မြို့သစ်မြို့နယ်ရှိ ဆည် ၄ ခုတွင် ရေဖောက်ထုတ်ရပြီး ကျေးရွာ ၁၄ ရွာခန့် ရေမြှုပ်သွားသည်။ နေပြည်တော် ကားလမ်းပေါ်ရှိ ယင်းချောင်းတံတား တစင်း ပျက်စီးခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်