စည်သွတ်လုပ်ငန်းကြောင့် တရားမဝင် သားသတ်

E-mail Print
မကွေးတိုင်း မြိ့သစ်မြို့နယ်၌ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် အမဲသား စည်သွတ်လုပ်ငန်းများအတွက် တရားမ၀င် သားသတ်မှုများ  လုပ်ကိုင်နေခြင်းကြောင့် ဒေသတွင်း ခိုင်းနွားရှားပါးမှု ဖြစ်ပေါ်ပြီး စိုက်ပျိုးရေးအတွက် တောင်သူများ ခက်ခဲနေကြောင်း သိရသည်။

tg400လိုင်စင်မဲ့ လုပ်ကိုင်နေသည့် အဆိုပါ စည်သွတ်လုပ်ငန်းအတွက် ဒေသတွင်း ခိုင်းနွားများကို တောင်သူများထံမှ ဈေကောင်းပေး ၀ယ်ယူကာ နဘဲကုန်း၊  မြို့လုလင်ကျေးရွာများတွင် တရားမ၀င် သတ်ဖြတ်နေကြောင်း၊ ထို့အတွက် လယ်ယာလုပ်ငန်းတွင် ခိုင်းနွားများ ရှားပါးလျက်ရှိသည့်အပြင် နွားခိုးမှုများလည်း ဖြစ်ပေါ်နေကြောင်း မြို့လုလင်ကျေးရွာမှ တောင်သူတဦးက ပြောသည်။

“လေးသိန်းကျော်တန် ခိုင်းနွားကောင်းကြီးတွေကို ဈေးကောင်းပေးဝယ်တော့ တနေ့ကို ၁၀ ကောင်လောက် သတ်တယ်။ တောင်သူတွေလည်း ငွေကြပ်တော့ မနှမြောနိုင်ဘူး၊ ရောင်းရတယ်” ဟု ၎င်းက ဆိုသည်။

တောင်သူများမှာ ရာသီဥတုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးပြီး အထွက်လျော့ခြင်း၊ သီးနှံဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မိမိတို့ လက်ဝယ်ရှိသည့် ခိုင်းနွားကောင်းများကို ဈေးကောင်းပေးဝယ်ယူသည့် ကုန်သည်များကို ရောင်းချရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် စက်မှုလယ်ယာကို အကောင်အထည်ဖော်နေသည်ဟု ပြောဆိုနေသော်လည်း ယခုထက်တိုင် ခိုင်းနွားများဖြင့်သာ စိုက်ပျိုးထွန်ယက်ခြင်း လုပ်ငန်းများကို လုပ်ကိုင်နေရဆဲဖြစ်သည်။

ယခုအခါ  ဒေသတွင်း ခိုင်းနွားများ ရှားပါးနေသည့်အတွက် တောင်သူများမှာ စိုက်ပျိုးရန် အခက်အခဲများဖြစ်ပေါ်နေသည်ဟု မြို့လုလင်ကျေးရွာမှ အဆိုပါ လယ်သမားက ရှင်းပြသည်။

ပြီးခဲ့သည့် လအတွင်းကလည်း မြို့လှ၊ နတ်မောက် စသည့် မြို့နယ်များတွင် မိုးကြီးသည့်အတွက် နတ်မောက်၊ ပလင်း၊ စွန်၊ ဆဒ္ဒန် ရေလှောင်တမံများမှ ရေများ ဖောက်ထုတ်ရပြီး ကျေးရွာ ၁၄ ရွာခန့် ရေနစ်မြုပ်ကာ စပါး၊ ပဲ၊ နှမ်း၊ ၀ါ စိုက်ပျိုးဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သေးသည်။

မြို့လှမြို့မှ ဒေသခံတဦးကလည်း သားသတ်လုပ်ငန်းရှင်များအနေဖြင့် မြို့နယ်စည်ပင်သာယာ၏ သားသတ်လေလံ ဥပဒေအတိုင်း
တနေ့လျှင် တကောင်ကျသာ သတ်ဖြတ်ပါမည်ဟု  လေလံဆွဲစဉ်က ကတိက၀တ်ပြုထားပြီး ဖြစ်သော်လည်း ယခုအခါ တရားမ၀င် အကောင်ရေ ပိုမိုသတ်ဖြတ်နေကြောင်း ဆိုသည်။

“နွားတွေကို နွားသတ်ရုံမှာ စည်းကမ်းတကျ သတ်တာမဟုတ်ဘူး။ ရွာစည်းရိုးနဲ့ ကျောင်းသားတွေ လူသွားလူလာများတဲ့နေရာမှာ တရားမ၀င် စည်းမဲ့ကမ်းမဲ့ သတ်တာ” ဟု ၎င်းက ပြောသည်။

မကွေးတိုင်းရှိ မြို့နယ် ၂၅ မြို့နယ်အနက် တရားမ၀င် စည်သွပ်လုပ်ငန်းကို တောင်တွင်းကြီးမြို့နယ်တွင် အလုပ်ရုံ ၃ ရုံနှင့် မြို့လှမြို့နယ်တွင် အလုပ်ရုံတခု ဖွင့်လှစ်ပြီး လုပ်ကိုင်နေကြောင်း၊ အဆိုပါ စည်သွပ်အမဲသားများကို ကားကြီးများဖြင့် မန္တလေးမှ တဆင့် တရုတ်ပြည်သို့ ပို့ဆောင်ကြောင်း အဆိုပါ မြို့လှမြိုခံက ဆက်လက်ပြောသည်။

ထိုသို့ တရားမ၀င် သတ်ဖြတ်နေမှုကို မြိုသစ်မြို့နယ် စည်ပင်သာယာရေးကော်မတီသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ၀န်ထမ်းက စည်ပင်သာယာ ဥပဒေအရ တနေ့လျှင် နွားတကောင်သာ သတ်ဖြတ်ခွင့်ပြုကြောင်း၊ ထိုသို့ သတ်ဖြတ်ရာတွင်လည်း လယ်ယာလုပ်ငန်း လုပ်ကိုင်နေသည့် မျိုးကောင်းမျိုးသန့် ခိုင်းနွားများကို သတ်ဖြတ်ခွင့်မပြုကြောင်း၊ ယခုကိစ္စကိုလည်း စုံစမ်းဖော်ထုတ်ကာ အရေးယူမည်ဖြစ်ကြောင်း ပြောကြားသည်။

မြို့သစ်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ဒု တပ်ကြပ် ရဲဝင်းနိုင်က ယခုကဲ့သို့ တရားမ၀င် သားသတ်လုပ်ငန်း လုပ်ကိုင်နေသည်ကို မသိရှိကြောင်း ပြောကြားပြီး စုံစမ်းမည်ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နွားကုန်ကူးခြင်းလုပ်ငန်းကို ပြည်တွင်း၌ လည်းကောင်း၊ ပြည်ပသို့ တင်ပို့ခြင်းကိုလည်းကောင်း ဥပဒေပြဋ္ဌာန်း၍ ပိတ်ပင်ထားသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေရှ် နိုင်ငံများသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော်၍ နွားကုန်ကူးခြင်းများ လုပ်ကိုင်နေပြီး၊ တရုတ်ပြည်သို့မူ နွားများကို မှောင်ခိုပို့ဆောင်ခြင်း မပြုသော်လည်း တရားမ၀င် သတ်ဖြတ်ပြီး စည်သွတ်ကာ ပို့ဆောင်နေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်