အာဆီယံဥက္ကဋ္ဌရာထူး ဒေါ်အောင်ဆန်းစုကြည်အသံ အရေးပါ

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသံကို အလေးထားပြီး မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ နေရာ ပေးရေး မပေးရေး ဆုံးဖြတ်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ကြောင်း AP သတင်းတပုဒ်တွင် ယနေ့ ရေးသားထားသည်။

ASEAN_Daw_Suuထို့အပြင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတို့၏ အသံကိုလည်း နားထောင်မည်ဟု ၀န်ကြီး မစ္စတာ မာတီ နာတာလီဂါဝါက ပြောလိုက်သည်။

အင်ဒိုဝန်ကြီးက လာမည့်လတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများကို အကဲဖြတ်ဦးမည်ဟု ဆိုထားသည်။

အင်ဒိုနီးရှားသည် လက်ရှိ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူထားသည့် နိုင်ငံ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရက  မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကရာထူးကို လက်ခံလိုကြောင်း ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်  တရားဝင် ထုတ်ဖော် ပြောဆိုခဲ့သည်။

အစိုးရအဆက်ဆက် စစ်ဗိုလ်ချုပ်များ ကြီးစိုးသော မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးအပ်ခြင်း မပြုရန် တောင်းဆို ဖိအားပေးသူများထဲတွင် အစိုးရအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များလည်း ပါဝင်သည်။

ဒီမိုကရေစီဖော်ဆောင်ရန် နှောင့်နှေးမှု၊ နိုင်ငံရေးသမားများကို ထိန်းသိမ်းထားမှု၊ ဒေသအနှံ့တွင် လုပ်အားပေး ခိုင်းစေမှုတို့ကို ထောက်ပြပြီး ကန့်ကွက် ဖိအားပေးကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်  အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်မည့် အခြေအနေနှင့် ကြုံခဲ့ရဖူးသည်။ သို့သော်လည်း နိုင်ငံတကာ ဖိအားများကြောင့် မြန်မာအစိုးရက ထိုတာဝန်ကို ပြည်တွင်းရေး ပြဿနာများကို အကြောင်းပြ၍ ငြင်းပယ်ခဲ့သည်။

မကြာသေးမီက သမ္မတ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ခဲ့သည်။

အစိုးရက ထိုသို့ တွေ့ဆုံခြင်းမှာ အာဆီယံ ဥက္ကဋ္ဌ ရာထူးရရှိရေးအတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း အတိုက်အခံ နိုင်ငံရေးသမား အများအပြားက ဝေဖန်နေကြသည်။

အာဆီယံအသင်းဝင် အရှေ့တောင်အာရှနိုင်ငံများသည် အသင်း ဥက္ကဋ္ဌ ရာထူးကို အလှည့်ကျ တာဝန်ယူကြသည်။  ဥက္ကဋ္ဌ ရာထူး သက်တမ်းမှာ တနှစ် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်