နယ်စည်းမခြား ဆရာဝန်များ ထိုင်းမှ ထွက်မည်

E-mail Print
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များကို ကူညီနေသည့် နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) က ထိုင်းနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်ငန်းများကို ယခုလကုန် ပိုင်းတွင် ရပ်ဆိုင်းတော့မည်ဟု မိတ်ဆွေအဖွဲ့အစည်းများထံ ယနေ့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

nargis-mental-health2ဘဏ္ဍာရေး နှင့် ၀န်ထမ်းပိုင်းဆိုင်ရာ အခက်အခဲရှိခြင်း၊ ဆီးရီးယား၊ လစ်ဗျား နှင့် အာဖရိကရှိ အငတ်ဘေး ကြုံတွေ့နေရသည့် နိုင်ငံများကို အရေးပေါ်ကူညီရန် လိုအပ်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ လုပ်ငန်းများကို ရပ်စဲမည်ဟု ဆိုသည်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၊ စံခလဘူရီမြို့ရှိ MSF ရုံးခွဲကို ဇွန်လတွင် ပိတ်ခဲ့ပြီးဖြစ်ကြောင်း MSF ၏ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Denis Penoy က  ဧရာဝတီကို ပြောသည်။

သို့သော် ထိုင်းနိုင်ငံရှိ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများအားလုံး ရပ်စဲခြင်းရှိမရှိ ဟူသော မေးခွန်းကို ဖြေရန် သူက ငြင်းဆိုသည်။

ဘယ်လဂျီယံနိုင်ငံ အခြေစိုက် MSF သည် ၁၉၇၆ တွင် ထိုင်းနိုင်ငံ အတွင်း စတင် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ MSF၏ ကျန်းမာရေးလုပ်ငန်းနှင့် ကူညီမှုများသည် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပေါ် များစွာ အကျိုးပြုခဲ့သည်။  ငှက်ဖျား၊ တီဘီ၊ ခုခံကျ ဝေဒနာရှင်တို့ကို အခမဲ့ ကုသပေးခဲ့သည်။

MSF ထွက်ခွာသွားမည့် အစီအစဉ်သည် ယခုကဲ့သို့ မြန်ဆန်လိမ့်မည်ဟု မထင်ခဲ့ကြောင်း  ထိုင်းမြန်မာနယ်စပ်ရှိ အကူအညီပေးရေး အဖွဲ့အစည်းတို့နှင့် နီးစပ်သူတချို့က ပြောသည်။

MSF ထွက်သွားပါက ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် ဆေးဝါးကုသမှု အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း  လုပ်ဖော်ကိုင်ဘက် အဖွဲ့များအပါအ၀င် ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ပြောသည်။

ဘုရားသုံးဆူတွင် နေထိုင်သည့် မြန်မာအလုပ်သမားတဦးဖြစ်သည့် ကိုထွန်းဦးက “သူတို့က ကျနော်တို့အတွက် ဆိုရင် အားထားရတဲ့ တောင်တခုလိုပဲ။ သူတို့ ထွက်သွားပြီးရင် ကျနော်တို့ အားထားရတဲ့ တောင်ကြီး ပြိုကျသလိုပါပဲ” ဟု ဆိုသည်။

ဘုရားသုံးဆူမြို့တွင် မြန်မာအလုပ်သမား ၅၀၀၀ ခန့် ရှိပြီး အများစုမှာ MSF က အခမဲ့ထောက်ပံ့သည့် ဆေးဝါးနှင့် ကျန်းမာရေးကုသမှုကို ခံယူကြသူများဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် MSF က နယ်စပ်ဒေသ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများ၊ မယ်လဒုက္ခသည် စခန်းအတွင်းရှိ မြန်မာပြည်သားများအတွက်  ငှက်ဖျားနှင့် တီဘီ ရောဂါ ကုသမှုလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း MSF ၏ အကူအညီပေးရေး စီမံကိန်းများ ရှိသည်။

လ၀ီဝင်၊ စောရန်နိုင် တို့ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်