စစ်ပြေး ဒုက္ခသည်များကို တရုတ်လက်မခံ

E-mail Print
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသွားကြသော စစ်ပြေး ဒုက္ခသည်များကို တရုတ် အာဏာပိုင်တို့က လက်ခံခြင်း မပြုကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။

KIA_news_on_Sep_27_-_editedစစ်ပြေး ဒုက္ခသည်များက တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်အတွင်း ရောက်ရှိနေကြောင်း၊ ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသည့် အနေဖြင့်  ခိုလုံခွင့် ပြုရေး တောင်းဆိုရန် နယ်စပ်ရှိ တရုတ် အာဏာပိုင်များနှင့် ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း ဦးလနန်က ဧရာဝတီသို့ ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ကွတ်ခိုင်မြို့နယ် အတွင်း နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသားများ ထွက်ပြေးကြရသည်။

ကွတ်ခိုင်ဒေသတိုက်ပွဲများ ရက်အတန်ကြာလာပြီ ဖြစ်သော်လည်း မြန်မာအစိုးရက သတင်းထုတ်ခြင်း မပြုသကဲ့သို့ ရှမ်းပြည်နယ် နှင့် ယူနန်ပြည်နယ် နယ်စပ် မတည်မငြိမ်မှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရလည်း တရားဝင် ပြောဆိုခြင်း မရှိသေးပေ။

KIO ၏ စစ်ရေးအဖွဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၏ တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ထိုဒေသမှ တပ်ရင်း ၈၊ ၂၊ ၉ စခန်းများကို အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု  ပြောသည်။

ယမန်နေ့က KIA တပ်ရင်း ၈ လှုပ်ရှားရာ လွိုင်ကန် ဒေသကို အစိုးရ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများက တနာရီခန့် ထိုးစစ်ဆင်ခဲ့ကြောင်း၊  KIA တပ်ရင်း ၂ ၏ ဗျူဟာတပ်စခန်းကို လက်နက်ကြီးအားသုံးပြီး သိမ်းပိုက်ရန်   ကြိုးစားနေကြောင်း ဗိုလ်မှူးကြီး ဇော်ရောက ရှင်းပြသည်။

“ကျနော်တို့ဘက်ကလည်း ဗျူဟာကျတဲ့ ကုန်းတွေကို နေရာယူထားတယ်” ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆက်ပြောသည်။

လတ်တလော တိုက်ပွဲတွင် အစိုးရဘက်က ကျဆုံး စာရင်းကို မသိရှိရသေးပေ။  ၅ ရက်ကြာတိုက်ပွဲအတွင်း KIA ဘက်မှ ၃ ဦးကျဆုံး၍ ၂ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။

တည်ဆောက်ဆဲ တရုတ်မြန်မာ ရေနံပိုက်လိုင်းသည် ယခု တိုက်ပွဲဖြစ်ပွားနေသည့် ဒေသကိုလည်း ဖြတ်သန်းသွားမည် ဖြစ်သည်။ ထိုပိုက်လိုင်းလုံခြုံရေးကြောင့် KIA တပ်များကို ထိုးစစ်ဆင်ရခြင်းဖြစ်သည်ဟု
အစိုးရက အကြောင်းပြဖွယ်ရှိသည်ဟု KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းကို မဆန့်ကျင်ပါဘူး၊ အစိုးရနဲ့ အတူ တွဲပြီးတော့ လုံခြုံရေး တာဝန်ယူဖို့လည်း ပြောပြီးပြီ။ ဒီအတိုင်း ဆိုရင်တော့ ပိုက်လိုင်း တည်ဆောက်မယ့် စီမံကိန်းက ပြီးသွားပြီလို့ ပြောလို့ရတယ်” ဟု ဦးလန်က ပြောဆိုသည်။

ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့က KIA ဘက်မှ ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်