“ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်ကြီးပြော

E-mail Print
ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီလူမျိုးများသာ ဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ် အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ငြင်းဆိုသည် ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Promya က ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် သတင်းထောက်များကို ပြောကြားသည်။

ယမန်နေ့က စတင်ကျင်းပသည့် အာဆီယံ ညစာစားပွဲတက်ခဲ့သော သံတမန်များ၏ အဆိုအရ ဦးဥာဏ်ဝင်းသည် ရိုဟင်ဂျာများကို ဘင်္ဂါလီလူမျိုးဟုသာ ခေါ်ဝေါ်သင့်သည်ဟု ၎င်း မှတ်သားခဲ့ဖူးသည့် သမိုင်း အထောက်အထား များကို ကိုးကား ပြောဆိုခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၎င်းညစာစားပွဲသို့ တက်ရောက်လာသော နိုင်ငံခြားရေး ဝန်ကြီးအားလုံးက ရိုဟင်ဂျာအရေးကို အာဆီယံ ဒေသတွင်း ပြဿနာအဖြစ် အရေးယူဆောင်ရွက်သင့်သည်ဟု ပြောကြားကြကြောင်း အမည်မဖော် လိုသူ သံတမန်တဦးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Promya က အရှေ့တောင်အာရှနိုင်ငံများထဲမှ အစ္စလမ် ဘာသာဝင်နိုင်ငံများ ဖြစ်ကြသော မလေးရှားနှင့် အင်ဒိုနီးရှား တို့က ရိုဟင်ဂျာများကို ထွက်ခွာလာသည့် မြန်မာနိုင်ငံသို့ ပြန်မလွှတ်သည့် ကိစ္စနှင့် ပတ်သက်၍မူ ပြောကြားခြင်း မရှိပေ။

မြန်မာစစ်အစိုးရက ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သမုတ်လိုက်သည့်အတွက် ရိုဟင်ဂျာပြဿနာကို အမှန်တကယ် ရင်ဆိုင်နေရသည့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲ သွားနိုင်သည်။

ဆက်လက်၍ Kasit က ရိုဟင်ဂျာ အရေးကိစ္စကို လာမည့် ဧပြီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပမည့် ဘာလီ အစည်းအဝေး (Barli Process) တွင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ဘာလီအစည်းအဝေးတွင် အာရှ ပစိဖိတ်ဒေသတွင်း ဖြစ်ပေါ်လျှက်ရှိသည့် လူမှောင်ခို ကိစ္စ အပါအဝင် မှုခင်း ကိစ္စရပ်များကို ဖြေရှင်းသွားမည်ဖြစ်သည်။

အာဆီယံထိပ်သီးညီလာခံတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရ၏ သုံးနှုန်းပြောဆိုသည့်အတိုင်း ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သုံးနှုန်းပြောဆိုနေသည့်အတွက် တက်ရောက်လာသော သတင်းသမားများက တအံ့တသြ ဖြစ်ကြရသည်။

မြန်မာစစ်အစိုးရအနေနှင့် ရိုဟင်ဂျာ အရေးကိစ္စ အပြင် TCG ၏ တိုးချဲ့ အစီအစဉ်အရ နာဂစ် ဆိုင်ကလုံး ဒေသနှင့် ပတ်သက်သည့် အရေးကိစ္စများကို သဘောတူညီပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးထံမှ သိရသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရသည် နာဂစ် ဆိုင်ကလုန်းဒေသနှင့် ပတ်သက်သည့် TCG စီမံကိန်းကို တနှစ်သက်တမ်းတိုးရန် လက်ခံသဘောတူပြီး ဖြစ်သည်ဟု ပြောကြားသည်။

(ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီယံ ဆွေးနွေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်)

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်