မန္တလေး နန်းတွင်း မီးလောင်

E-mail Print
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးမြို့ နန်းတွင်း၌ ယမန်နေ့ ညနေ ၆ နာရီ ၀န်းကျင်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နန်းတွင်း အတွင်း ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ် စသဖြင့် တပ်များ ရှိနေပြီး စက်မှုလက်မှု လုပ်ငန်း တချို့ကို မြေနေရာ ၊ အဆောက်အဦး စသည်တို့ကို အခကြေးငွေယူကာငှားရမ်းထားကြကြောင်း၊ ယခုမီးလောင်မှု မှာလည်း ဆက်သွယ်ရေးတပ်မှ ငှားရမ်းထားသော စက်ရုံတရုံမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေး
မြို့ခံ တဦးက ပြောဆိုသည်။

“အဲဒီထဲမှာ တပ်တွေကလည်း အများကြီးရှိတယ်၊ သူတို့ ငှားထားတဲ့စက်ရုံ၊ အလုပ်ရုံတွေလည်း အများကြီးပဲ၊ အခု လောင်တာက ဆက်သွယ်ရေးတပ်ထဲကလို့ ကြားတယ်”ဟု သူက ပြောသည်။

တခြားသော မန္တလေး ဒေသခံတဦးကလည်း“မီး ဘယ်လောက်များလည်းဆိုတာတော့ ကျနော်တို့က နန်းတွင်းကို ၀င်လို့မရလို့မသိရဘူး၊ မီးခိုးလုံးထွက်တဲ့ အပေါ်မှာ ကြည့်ရတာကတော့ မိနစ် ၂၀ လောက်တော့ ကြာတယ်၊ ည နေ ၅ နာရီခွဲကျော်ကျော်လောက်ကဖြစ်တာ၊ မီးကသိပ်ကြီးကြီးမားမား လောင်တာတော့ မဟုတ်ဘူးထင်တယ်” ဟု ပြောပြသည်။

မီးလောင်မှု ဖြစ်ပွားနေစဉ်အချိန်မှစတင်ပြီး မန္တလေးမြို့ရှိ ဂျီအက်စ်အမ်ဖုန်းလိုင်းများနှင့် လိုင်းဖုန်းတချို့ကို ယနေ့  နံနက် ၆နာရီအထိ ဖြတ်တောက်ထားခဲ့ကြောင်း မန္တလေးမြို့မှ သတင်းထောက်တဦးက ပြောသည်။

“မီးလောင်ပြီး သိပ်မကြာခင်မှာပဲ ဂျီအက်စ်အမ်ဖုန်းတွေ ဘယ်လိုမှဆက်လို့မရတော့ဘူး၊ လိုင်းဖုန်းတချို့ရောပဲ၊ ကျနော်တို့တိုက်က လူတွေကို လှမ်းခေါ်တာတောင် မရတော့ဘူး”ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် အဆိုပါ မီးလောင်သည့် သတင်းကို လူအများမသိရန် အာဏာပိုင်များက ကြိုးစားခဲ့ ဟန်တူကြောင်း ၊ မီးစတင် လောင်ကျွမ်းသည်ကို မသိရဘဲမီးခိုးကြီးများတက်လာသည့်အချိန်မှ သိရခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ များက ပြောသည်။

“အလိပ်လိပ်တက်လာတဲ့ မီးခိုးတွေကို မြင်တော့မှ နန်းတွင်းထဲမှာမီးလောင်နေပြီဆိုတာကို သိရတယ်၊ ကျနော့် အသိမီးသတ်ဗိုလ်တယောက်ပြောတာတော့သူတို့ကိုတောင် တော်တော်နဲ့အကြောင်း မကြားဘူး၊ ၀င်ခွင့်လည်း မပေးလို့စောင့်နေရတယ်လို့ ပြောတယ်”ဟု အထက်ပါ သတင်းထောက်က ဆိုသည်။

မီးလောင်မှုဖြစ်ပွားနေစဉ်အချိန်အတွင်းလာရောက်ကြည့်ရှုကြသော လူပရိသတ်မှာ ကျုံးဘေးပတ်ပတ်လည်တွင် ပြည့်လျက်ရှိသောကြောင့် ယာဉ်ထိန်းရဲများနှင့် ရဲ တပ်ဖွဲ့ဝင်များက လူစုခွဲခိုင်းခဲ့ကြောင်းလည်း သိရသည်။

“လာကြည့်တဲ့သူတွေက တော်တော်များတယ်၊ ကျုံးဘေးပတ်ပတ်လည်မှာ အပြည့်ပဲ၊လူတွေကို ပထမတော့ မော် တော်ပီကယ်တွေက လူစုခွဲခိုင်းတယ်နောက်တော့ ရဲတွေပါရောက်လာပြီး လူစု ခွဲခိုင်းမှ တဖြည်းဖြည်းနဲ့လူစု ကွဲ သွားတယ်”ဟု မီးလောင်မှုကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူတဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်