တွံတေးမှာ သံဃာတော်တွေ ဆန္ဒပြ

E-mail Print
ရန်ကုန်တိုင်း တွံတေးမြို့ ဆံတော်လေး ဘုရားအနီးတဝိုက် သာသနာ့ နယ်မြေအတွင်း ဟိုတည် တခု ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ သံဃာတော် တချို့က ယမန်နေ့မှ စပြီး ပဌာန်း ရွှတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် ကန့်ကွက် ကြကြောင်း သိရသည်။

အဆိုပါ“ပုဂံ ဧရာ ”ဟိုတည်ရှိ နှိုက်ကလပ်ခန်းမ၊ တည်းခိုခန်း၊ ကာရာအိုကေခန်း၊  စားသောက်ခန်း ၊ ဘားခန်း စသည်များမှာ ဘာသာသာသနာနှင့် မသက်ဆိုင်သည့်အတွက် ၎င်းဆံတော်လေး ဘုန်ကြီးကျောင်းမှ သံဃာ တော် အပါး၂၀ ခန့်က သာသနာ့အလံစိုက်ထူကာ ၄ ရက်ခန့် ပဌာန်းရွှတ်ဖတ်မည် ဖြစ်ကြောင်း တွံတေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ဥက္ကဌ ဦးကြင်တိုးက ပြောသည်။

“မြို့နယ် အာဏာပိုင်တွေကလည်း ဘာမှ အရေးယူ မပေးနိုင်ဘူး၊ ဒီဟိုတည် ပိုင်ရှင်နဲ့ ပါလာတဲ့ အာဏာပိုင် တွေက ဒေသခံအာဏာပိုင်တွေထက် အဆင့်မြင့်တဲ့ အရာရှိတွေပါလာတော့ အရေး မယူပေး ရဲဘူး၊ ဒါကို ဘုရားနဲ့ ပတ်သက်တဲ့ နေရာဖြစ်တော့ တချို့ဗုဒ္ဓဘာသာဝင် ဒေသခံတချို့ကလည်း မကျေနပ် ကြဘူးပေါ့” ဟု လည်း ဦးကြင်တိုးက ပြောသည်။

၎င်းက ဆက်လက်ပြီး“ဆံတော်လေး ဘုန်းကြီးကျောင်းက သံဃာတော်တွေက မကောင်းတာတွေ ထွက်သွား အောင်ဆိုတဲ့ သဘောနဲ့ ပဌာန်းရွှတ်ဖတ်တာ၊ သာသနာပိုင် နယ်မြေတွေမှာ မကောင်းတဲ့ အဆောက်အဦး မဆောက်စေချင်ဘူး”ဟုလည်း ပြောဆိုသည်။

ဟိုတည် အဆောက်အဦး ဆောက်နေစဉ်ကာလ အတွင်း ထိုသံဃာတော်များက သက်ဆိုင်ရာ အာဏာပိုင် များထံစာတင် အကြောင်းကြားသော်လည်း အရေးယူခြင်းမရှိခဲ့ကြောင်းနှင့် ထိုဟိုတည်ကို ပြီးခဲ့သည့် ၂၇ ရက်နေ့ က ဖွင့်လှစ်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

နောက်ဆုံးအခြေအနေအရ ယင်း ဆံတော်လေး ဘုန်းကြီးကျောင်းဝန်းတဝိုက်တွင် ရဲ၊ စစ်တပ်နှင့် ကြံ့ဖွံ့ အဖွဲ့ ၀င်များ က စစ်ဆေးတင်းကျပ်မှုများ ပြုလုပ်ကာ လုံခြုံရေးယူထားသည်ဟု သိရသည်။

ဒေသခံတဦးကလည်း“ဘုန်းကြီးကျောင်း အဝင်၊ အထွက် လူတဦးခြင်းစစ်ဆေးနေတယ်၊ ဖြတ်သန်း သွားလာ ခွင့် မပြု ဆိုပြီးလည်း စာရေးထားတယ်”ဟု ပြောသည်။

ယင်း ပုဂံဧရာ ဟိုတည်ကို ကျပ် ငွေ သိန်း ၈၀၀၀ ခန့် ရင်းနှီးမြှပ်နှံ၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်