အစိုးရနှင့်သူပုန်တို့ ကလေးစစ်သား သုံးနေဆဲဟု ကုလ စွပ်စွဲ

E-mail Print
မြန်မာနိုင်ငံရှိ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့သည် ကလေးစစ်သားများ ဆက်လက် စုဆောင်းလျက် ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က လုံခြုံရေး ကောင်စီသို့ ယမန်နေ့က ပေးပို့သော အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

အပစ်အခတ် ရပ်စဲထားသော အဖွဲ့များ ဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်၊ ကရင် အမျိုးသား အစည်းအရုံး - ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA PC)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်ဦး (KNPLF)၊  မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် ကလေးစစ်သားများ စုဆောင်းလျက်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်နီတပ်မတော် (KA)၊ ရှမ်းပြည် တပ်မတော်- တောင်ပိုင်း (SSA-S) စသည့်  အစိုးရနှင့် ဆက်လက် တိုက်ခိုက်နေသော အဖွဲ့များသည်လည်း ကလေးစစ်သား စုဆောင်းနေသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။

အပစ်အခတ် ရပ်စဲရေး အဖွဲ့များ မဟုတ်သော ကရင် အမျိုးသားအစည်းအရုံးနှင့် ကရင်နီတပ်မတော်တို့သာလျှင် ကုလသမဂ္ဂ၏ ကလေးစစ်သား စုဆောင်းမှု ရပ်ဆိုင်းရေး အစီအစဉ်တွင် KNLA နှင့် KA အဖွဲ့ နှစ်ဖွဲ့သာ ပူးပေါင်း ပါဝင်ကြကြောင်း၊ သို့သော်လည်း မြန်မာစစ်အစိုးရက ကုလသမဂ္ဂ နှင့် လက်နက်ကိုင် အဖွဲ့များ ထိတွေ့ ဆွေးနွေးမှု မပြုနိုင်စေရန် ပိတ်ပင်ထားကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ဤ ၅၁ မျက်နှာ အစီရင်ခံစာကို ရေးသား ပြုစုသူမှာ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေး သူငယ်များ နှင့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အထူး ကိုယ်စားလှယ် ရာဒီကာ ကွန်မရာဆွာမိ ဖြစ်သည်။ နိုင်ငံတကာတွင် ကလေးများကို စစ်သားအဖြစ် ခိုင်းစေ အသုံးပြုမှုများနှင့် ပတ်သက်ပြီး လေ့လာ ပြုစုထားခြင်း ဖြစ်သည်။

အစီရင်ခံစာ ပြုစုနေစဉ်အတွင်း ကုလသမဂ္ဂက ကလေးငယ်များသို့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်အစိုးရက လက်မခံခဲ့ ဟု ဆိုသည်။

အစီရင်ခံစာက ကုလ အရာရှိများသည် UWSA တပ်စခန်း ၂ ခုကို သွားရောက် လေ့လာခဲ့ရာ UWSA က စီမံ အုပ်ချုပ်နေသည့် အခြေခံပညာကျောင်း  ၄ ကျောင်းကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

“ဤအချက်သည် စိုးရိမ်ဖွယ်ဖြစ်သည်၊ တပ်သားသစ် စုဆောင်းမှု၊ ကလေးစစ်သား အသုံးပြုမှုများ ရှိသည်ဟူသော စွပ်စွဲချက်များ ဖြစ်ပေါ်လာစေသည်” ဟု အစီရင်ခံစာတွင် ရေးထားသည်။

ကျောင်းသားများ စစ်ယူနီဖောင်း ဝတ်ထားသော်လည်း စစ်ပညာ သင်ကြားနေခြင်း မဟုတ်ကြောင်း၊ ကျောင်းသားများမှာ လမ်းဘေးကလေး၊ မိဘမဲ့ ကလေး သို့မဟုတ် ချို့တဲ့သည့် မိသားစုဝင်များ၏ ကလေးများ ဖြစ်သောကြောင့် အဝတ်အစားဖိုး မတတ်နိုင်ကြကြောင်း UWSA က ရှင်းပြခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်းတွင် UWSA နှင့် အဆက်အသွယ် မရရှိတော့ဟု အစီရင်ခံစာတွင် ရေးထားသည်။

မြန်မာစစ်အစိုးရက အသက် မပြည့်သေးသူများကို လက်နက်ကိုင် တပ်ရင်း တပ်ဖွဲ့များ၏ လေ့ကျင့်ရေး ကာလ အတွင်း စိစစ်ပြီး ပြန်လွှတ်ပေးနေကြောင်း၊ အသက် မပြည့်သေးသူ ၆၈ ယောက်ကို စစ်တပ် လေ့ကျင့်ရေး ကျောင်းများတွင် တွေ့ရှိပြီး အုပ်ထိန်းသူ နှင့် မိဘများထံ ပြန်လည် အပ်နှံခဲ့ကြောင်း စစ်အစိုးရ၏ ဆက်သွယ် ပြောဆိုချက်ကို အစီရင်ခံစာတွင် ကိုးကားထားသည်။

အဆိုပါ ၆၈ ယောက်အနက် နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) မှတဆင့် ပြန်လွှတ် ပေးလိုက်သူ ၁၂ ဦး၊ နိုင်ငံတကာကြက်ခြေနီ ကော်မတီ (ICRC) မှတဆင့် ပြန်လွှတ်ပေးသူ ၁ ဦး တို့ဖြစ်သည်။ ထို့အပြင် လွတ်ပေးလိုက်သော တခြား ကလေး ၂ ဦး နှင့် ပတ်သက်ပြီးလည်း  ILO နှင့် ICRC တို့ကို အကြောင်းကြားပြီး ဖြစ်သည်ဟု ဆိုသည်။

ILO ၏ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး အစီအစဉ်မှတဆင့် ကလေး ၂၃ ယောက် လွတ်မြောက်လာကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဆန္ဒအရ မဟုတ်ဘဲ စစ်သင်တန်း ကျောင်းများသို့ ရောက်ရှိသွားကြသူ အများဆုံး ပါဝင်သည်ဟု ဆိုသည်။ မိဘများနှင့် ဆွေမျိုးများ၏ တိုင်ကြားချက်အရ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အစိုးရထံမှ တုံ့ပြန်ချက် စောင့်ဆိုင်း နေရသော သို့မဟုတ် မပြတ်စဲသေးသော အမှုပေါင်း ၁၄ ခု ရှိနေသေးသည်ဟု ဆိုသည်။

အမျိုးသားစစ်သားစုဆောင်းမှုဥပဒေကို ချိုးဖောက်သော စစ်သားစုဆောင်းရေး ဆိုင်ရာ အရာရှိ ၉ ဦးကို ရာထူးမှ ဖြုတ်ပစ်ခဲ့သည်ဟု မြန်မာစစ်အစိုးရက ပြောဆိုထားသော်လည်း ကုလသမဂ္ဂ အနေဖြင့် အတည်ပြုပေးနိုင်ခြင်း မရှိဟု ဆိုသည်။

ILO ၏ အဆိုအရ ကလေးစစ်သားစုဆောင်းသော ပြစ်မှုကျုးလွန်ခဲ့သူ မည်သူ တဦး တယောက်မျှ စစ်ဘက် သို့မဟုတ် အရပ်ဘက် ဥပဒေများဖြင့် အရေးယူ အပြစ်ပေးခံရခြင်း မရှိဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်