သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိအထူးကုဆရာဝန် ၀င်ရောက်ကြည့်ရှူ

ယမန်နေ့ညနေပိုင်းက မျက်စိအထူးကု ဒေါက်တာကံညွန့်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မြန်မာစာတန်းထိုး ကချင်ဇာတ်ကား ရန်ကုန်တွင် ရုံတင်ပြသမည်

ကချင်တိုင်းရင်းသားများသရုပ်ဆောင်ပြီး ကချင်ဇာတ်ညွန်း ဒါရိုက်တာ ရိုက်ကူးထားသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးပညာပေး ကချင်စကားပြော ဗွီဒီယိုဇာတ်ကားကို

ဗိုလ်ချုပ်မှူးကြီး၏ ကျန်းမာရေး ဆိုးဝါးကြောင်း သတင်းများ ထွက်ပေါ်

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက် (၇၅) နှစ်သည် ကျန်းမာရေး အခြေအနေ ဆိုးဝါးသည့် အတွက် ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် စွယ်တော်မြတ် စေတီအနီးရှိ

အဖွဲ့ချုပ် လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင် အဖမ်းခံရ

အန်အယ်လ်ဒီ၏ လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်ကို ယနေ့နံနက် ၂ နာရီခန့်တွင် ရဲအထူးသတင်း တပ်ဖွဲ့က နေအိမ်မှဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီပါတီ

ပျောက်ဆုံးနေသည့် မကွေးတိုင်း အဖွဲ့ချုပ်လူငယ်တာဝန်ခံကို တွေ့ပြီ

အဖမ်းခံထားရသည်မှာ တလရှိပြီဖြစ်ပြီး စစ်ကြောရေးစခန်းတွင် သေဆုံးသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် မကွေးတိုင်း အဖွဲ့ချုပ်လူငယ်တာဝန်ခံ ကိုအောင်မိုးလွင်ကို

အရှင်ဂမ္ဘီရ တရားရုံး မျှတမှုမရှိဟု ရှေ့နေပြောကြား

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် ၁၁ ဦး အမှုကို ယမန်နေ့က အင်းစိန်ထောင် သီးသန့်ရုံး၌ ရုံးထုတ်ရာတွင်

အရှိန်တိုးမြှင့်လိုက်သည့် စစ်အစိုးရ၏ မီဒီယာစစ်ဆင်ရေး

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် ၂ စောင်ကို ပိတ်ပင်လိုက်သည့် ဖြစ်ရပ်က ပြည်တွင်း သတင်းမီဒီယာများကို တရားဝင် စိန်ခေါ် ဖိနှိပ်မှုများ စတင်လိုက်ပြီဟု ပြောလိုက်သကဲ့သို့ပင်

ခေတ် ပဒေါင်လူငယ်များ ကြေးကွင်း မစွပ်လိုတော့

ထိုင်းနိုင်ငံရှိ ကြေးကွင်းစွပ် ပဒေါင်တိုင်းရင်းသား လူငယ်အများစုသည် ၎င်းတို့ ရိုးရာကြေးကွင်းများကိုဖြုတ်၍ တတိယနိုင်ငံ သို့ သွားရောက်ပညာသင်ကြားနိုင်ရန် ကြိုးစားလာကြကြောင်း ပဒေါင်လူငယ်များက ပြောသည်။အဆိုပါ ကြေးကွင်းဖြုတ်ထားသည်မှာ ၂ နှစ်နှီးပါး ရှိပြီး ကရင်နီဒုက္ခသည်စခန်းတွင် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု ဘာသာရပ်များ သင်ယူခဲ့သည့် ဟွေ့ပူကဲ ရွာခံတဦး ဖြစ်သူ မူဟွီ(Mu Hwit) က လူငယ်များအနေနှင့် လွတ်လပ်စွာ သွားလာလှုပ် ရှားလိုကြသည်ဟု ပြောဆိုသည်။“ဒီလိုယဉ်ကျေးမှုနဲ့နေလာတာ အနှစ် ၂၀ နှီးပါးရှိ လာပြီးလည်း ကျမတို့အတွက် ဘာမှတိုးပွားမှု မရှိဘူး” ဟု လည်း ၎င်းက ပြောသည်။မူဟွီက ဆက်လက်ပြီး“ဒီကြေးကွင်းတပ်ထားရင် ခရီးသွားခွင့်မရှိဘူး၊ ကျမတို့ကျေးရွာမှာကြေးကွင်း ဖြုတ်ထားတာ ၇ယောက် လောက်ရှိပြီ၊ ဘာလို့လဲ ဆို ရွာအပြင်ထွက်ပြီးလွတ်လွတ်လပ်လပ်သွားချင် တယ်၊ ပညာသင်ချင်တယ်၊ ရွာထဲမှာ ထိုင်ပြီး ရိုးရာ ထိန်းသိမ်းနေတဲ့လူတွေ ဟုတ်ချင်မှလည်းဟုတ် လိမ့်မယ်၊ လူငယ်တွေက လွတ်လပ်ချင်စိတ်ရှိတယ်” ဟု ပြောသည်။ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်တွင် နေထိုင်သော ကြေးကွင်းစွပ် ပဒေါင်များကို ကမ္ဘာလှည့် ခရီးသည်များက အထူးတဆန်းဖြစ်ပြီး လာရောက်ကြည့်ရှုခဲ့ရာမှ စွဲဆောင်မှုတခု ဖြစ်လာခဲ့သဖြင့် အာဏာပိုင်များက ခရီးသွားများအား အခ ကြေးငွေယူ၍ ယင်းပဒေါင်ရွာကို ကြည့်ရှုလည်ပတ်စေခဲ့ပြီး ပဒေါင်တိုင်းရင်းသား များ၏ သွားလာရေးကိုလည်း အထူးတင်းကျပ်ထားခဲ့ခြင်းဖြစ်သည်။မူဟွီသည် ကြေးကွင်းဖြုတ်စဉ် မိဘများက အထူးတားမြစ်ခြင်းမရှိသော်လည်း အဘွားဖြစ်သူက ပြန်တပ်ရန် ဖိအားပေးပြောဆိုမှုကို အတိုက်အခံငြင်းဆန် ခဲ့ရကြောင်းပြောပြသည်။မူဟွီက အဝေးတနေရာသို့ သွားရောက်ကာဆက်လက်ပညာသင်ကြားလိုကြောင်း၊ ပညာသင်ကြားခွင့်မရှိဘဲ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းပြီးရွာထဲမှာနေလျှင် အနာဂတ်လှပနိုင်မည်မဟုတ်ကြောင်းလည်း ပြောသည်။“ထိုင်းအာဏာပိုင်တွေက သူတို့သတ်မှတ်ထားတဲ့ရွာမှာ ကြေးကွင်းစွပ်ထားတဲ့ အမျိုးသမီးတွေကို လစာငွေ ထောက်ပံ့မယ်၊ စားသောက်စရိတ်ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်၊ နောက်တော့ တာဝန်ရှိသူတွေက မထောက်ပံ့တော့ဘူး၊ နိုင်ငံခြားခရီးသွားနည်းတော့ ဝင်ငွေနည်းပါးလာပြီး မိသားစုအခက်အခဲဖြစ်လာတယ်၊ ဒါကြောင့်လူငယ်တွေက သူတို့ ကြေးကွင်းဖြုတ်ပြီး အဝေးထွက်ဖို့စဉ်းစားလာကြတယ်”ဟုကရင်နီယဉ်ကျေးမှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်တဦးဖြစ်သည့် တော်ရယ် (Thaw Reh ) ကပြောသည်တချို့ ပဒေါင်တိုင်းရင်းသား အိမ်ထောင်သည်များမှာမူ လက်ရှိ၎င်းတို့ နေထိုင်နေရသော ဘဝကိုကျေနပ်ပြီး ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် လိုကြကြောင်းလည်းသိရသည်။ကြေးကွင်းစွပ် ပဒေါင်လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ ကယားပြည်နယ် (ကရင်နီ) ဒီမောဆိုး မြို့နယ်များ နှင့် ရှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် အခြေချနေထိုင်ရာမှ လွန်ခဲ့သည့် အနှစ် (၂၀) အတွင်း မြန်မာ စစ်တပ်များ၏ အဓမ္မရွှေ့ပြောင်းခိုင်းမှု၊ ထိုးစစ်ဆင်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ကြ သည်။ကြေးကွင်းများကို ပဒေါင်အမျိုးသမီးများက ၆ နှစ်အရွယ်မှစပြီး အသက်ကြီးသည်အထိ ကြေးကွင်း၂၆ ကွင်း အထိပင် ဝတ်ဆင်ကြောင်း သိရသည်။ ကြေးကွင်းကို ဘိုးဘွားအစဉ်အဆက်က တပ်ခဲ့ကြပြီး ကိုယ့်လူမျိုး ထူးခြားစေရန်ဟူသော ရည်ရွယ်ချက်ဖြင့်တပ်ဆင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ယခုနှစ်ဆန်းပိုင်းက ယင်းပဒေါင်းလူမျိုးများအား ကနေဒါ၊ နယူးဇီလန်နှင့် ဖင်လန်နိုင်ငံများမှ အခြေချ နေထိုင်ခွင့် ပေးခဲ့ သော်လည်း ဒေသအာဏာပိုင်များက ခွင့်ပြုရန် ငြင်းဆိုခဲ့သည်။ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်တွင် ယင်း လည်ပင်းရှည် ပဒေါင်များသည် ဟွေ့စူထောက်၊ ဟွေ့ပူကဲ၊ နိုင်ဆွိုင် စသည့် ရွာ ၃ ရွာ တို့တွင် နေထိုင်လျက်ရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ တတိယ နိုင်ငံသို့ ထွက်နိုင်ရန် အတွက် လူဦးရေ တဝက်ခန့်မှာ ကရင်နီဒုက္ခသည် စခန်းသို့ရွှေ့ပြောင်း သွားသဖြင့် လူဦးရေ ၂၅၀ ခန့် သာ ကျန်ရှိသည်ဟုသိရသည်။

ရန်ကုန်အခြေစိုက် ဂျာနယ် ၂ စောင် ပိတ်ပင်ခံရ

မြန်မာအပတ်စဉ် ထရူးနယူးစ် (True News) ဂျာနယ် မျက်နှာဖုံးတွင် မြန်မာကလေး အလုပ်သမား ဓာတ်ပုံကို ပုံကြီးဖြင့် ဖော်ပြလိုက်သောကြောင့် ၂ လတာ ပိတ်ပင်ခံရပြီး

မဇ္ဈိမ အင်တာနက်စာမျက်နှာ တိုက်ခိုက်ခံရ

ယနေ့နံနက် ထိုင်းနိုင်ငံစံတော်ချိန် ၄ နာရီတွင် ပြည်ပအခြေစိုက် မဇ္ဈိမသတင်းဌာန၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက် ခံရသည်ဟု ၎င်းသတင်းဌာန၏ အယ်ဒီတာ ဦးစိန်ဝင်းက

ဦးဝင်းတင်သတင်း ဖော်ပြမိသောကြောင့် အက်ရှင်တိုင်းမ်စ်ဂျာနယ် တလအပိတ်ခံရ

မြန်မာအပတ်စဉ် အက်ရှင်တိုင်းမ်စ် (The Action Times) ဂျာနယ် တလ ပိတ်ပင်ခံရသည့် အကြောင်းရင်းမှာ ယခင်တပတ်က အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော သတင်းစာဆရာကြီး ဦးဝင်းတင်အကြောင်းကို ဖော်ပြထားသောကြောင့် ဖြစ်နိုင် ကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားတဦးက သုံးသပ်သည်။“ဆရာကြီး ဦးဝင်းတင်ဟာ စက်တင်ဘာ ၂၃ ရက်ညနေခင်း က အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး မိတ်ဆွေ ဦးမောင်မောင်ခင် နေအိမ်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်လျှက် ရှိပါတယ်။ ထောင်တွင်းမှာ နှစ်ပေါင်း ၂၀ ခန့် နေထိုင်ခဲ့ရပေမယ့် ဦးဝင်းတင်ဟာ မျက်စိအားနည်းတာ တခုကလွဲပြီး ကျန်းကျန်းမာမာ ရှိနေတာ တွေ့ရပါတယ်” ဟု ၎င်း ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။ “ဦးဝင်းတင်နဲ့ ပတ်သက်လို့ ရေးထားတာကို စိစစ်ရေးက ဖြုတ်ခိုင်းတာ မဖြုတ်ဘဲ ထည့်လိုက်လို့ ပိတ်တယ်လို့ ထင်တာပဲ” ဟု အဆိုပါ သတင်းသမားက ပြောသည်။ အက်ရှင်တိုင်းမ်စ် ဂျာနယ် အမှတ်စဉ် (၃၈) စာမျက်နှာ ၃ ၌ ရေးသားထားသော ၎င်းသတင်းတွင် ဆရာကြီး ဦးဝင်းတင်အနေနှင့် အကျဉ်းထောင်ထဲတွင် ယမန်နှစ်မှစ၍ သတင်းစာနှင့် စာအုပ်များ ဖတ်ရှုခွင့်ရကြောင်းနှင့် ၎င်း၏ အတ္ထုပ္ပတ္တိ အပြည့်အစုံ၊ ကြေးမုံသတင်းစာ၊ ဟံသာဝတီ သတင်းစာတို့တွင် အယ်ဒီတာ တာဝန် ထမ်းဆောင်ခဲ့ပုံ တို့ကို ခုနှစ်သက္ကရာဇ်နှင့်တကွ အသေးစိတ် ဖော်ပြထားသည်။ သို့ရာတွင် ဦးဝင်းတင်၏ နိုင်ငံရေးလှုပ်ရှားမှုများကို ဖော်ပြထားခြင်း မတွေ့ရပေ။ “ဦးဝင်းတင်အကြောင်းက ဂျာနယ်တွေမှာ ရေးလို့မရဘူးဗျ။ မရေးရဘူးလို့ ပြောထားတာတော့ မဟုတ်ဘူး။ ရေးရင် ဖြုတ်တာပါ” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။ အက်ရှင်တိုင်းမ်စ် ဂျာနယ်အယ်ဒီတာ အဖွဲ့အနေနှင့်မူ ၎င်းတို့ဂျာနယ် အပိတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့် ထင်ကြေးမှ မပေးလိုဟု ဆိုသည်။ ယခုကဲ့သို ဂျာနယ်တလ ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍ စာပေစိစစ်ရေးက စည်းမျဉ်းဖောက်ဖျက်ခြင်း ကြောင့်ဟူ၍သာ ပြောခဲ့သည်ဟု သိရှိရသည်။ သတင်းစာဆရာကြီးဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အစိုးရဆန့်ကျင်သည့် နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ်ကျော် နေခဲ့ရသည်။ ဦဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။ ယမန်နေ့က အက်ရှင်တိုင်းမ်စ် ဂျာနယ်အပြင် ထရူးနယူးစ် (True News) ဂျာနယ်သည်လည်း မျက်နှာဖုံး တွင် မြန်မာ ကလေး အလုပ်သမား ဓာတ်ပုံကို ပုံကြီးဖြင့် ဖော်ပြလိုက်သောကြောင့် ၂ လတာ ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းအသိုင်းအဝန်းမှ ကြားသိရသည်။ 

ဖရီးဒန်းအော့ဖ်ဆဲလ်ဖို့ ဆုအတွက် ဒေါ်စုနှင့် ရိုင်ယန်ဂစ်တို့ ၂ ဦးကို ရွေးချယ်ရခက်နေ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းမှ ဂန္ထ၀င် ဘောလုံးသမားရိုင်ယန်ဂစ်တို့ နှစ်ဦးအနက် မည်သူ့ကို ဆုပေး ရမည်ဆိုသည်ကို ဖရီးဒန်းအော့ဖ် ဆဲလ်ဖို့ဒ် (Freedom of Salford) ဆု ရွေးချယ်ရေး အဖွဲ့က ဆုံးဖြတ်ရ ခက်နေကြောင်း သိရသည်။ဖရီးဒန်းအော့ဖ် ဆဲလ်ဖို့ဒ် ဆုသည် အင်္ဂလန်နိုင်ငံ ဆဲလ်ဖို့ဒ်မြို့တွင် နေထိုင်ခဲ့ဖူးသည့် လူပုဂ္ဂိုလ် တဦးချင်း၏ စွမ်းဆောင်မှု အရည်အချင်းကို လေးစား အသိအမှတ်ပြုသည့် အနေဖြင့် ယူနီဆန် ဆဲလ်ဖို့ဒ်အဖွဲ့က ရွေးချယ် ပေးအပ်သော ဆုဖြစ်သည်။ ယင်းဆုကို ၁၉၇၅ ခုနှစ်ကနောက်ဆုံး ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင်မှ ပြန်လည်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ထိုဆုကို တောင်အာဖရိက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နယ်လ်ဆင် မင်ဒဲလားအား ချီးမြှင့် ခဲ့သည်။ ဆုရွေးချယ်သည့် ယူနီဆန်ဆဲလ်ဖို့ဒ် အဖွဲ့မှ အတွင်းရေးမှူး ရေးလ် ဝေါလ်ကာက “လွန်ခဲ့တဲ့နှစ်တွေက ကျနော်တို့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ ပြည်သူတွေကို ထောက်ခံမှုတွေ ပြသခဲ့ပါတယ်။ ဒီဆုကို နှစ်အတော်ကြာ မချီးမြှင့်နိုင်ခဲ့ တာရယ် ပြန်ပေးဖို့ ကြိုးစားတော့လဲ အခုချိန်ထိ ဘယ်သူ့ကို ရွေးရမှန်း မဆုံးဖြတ်နိုင်တာရယ်ကို စိတ်ပျက်မိပါတယ်” ဟု ပြောသည်။ ဇန်န၀ါရီလက ရိုင်ယန်ဂစ်အား အဆိုပါဆုကို ချီးမြှင့်ရန် ရည်ရွယ်ထားသော်လည်း ယူနီဆန် အကြီးအကဲ များက ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ ရွေးချယ်ခဲ့သဖြင့် ယခုအခါ ဆု ရွေးချယ် ချီးမြှင့်ရေးနှင့် ပတ်သက်၍ အငြင်းပွားနေ ကြောင်း သိရသည်။ ရိုင်ယန်ဂစ်မှာ ဆဲလ်ဖို့ဒ်မြို့တွင် နေထိုင်ခဲ့သူဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၎င်းမြို့တွင် နေထိုင်ခဲ့ဖူးခြင်း ရှိမရှိကို ဆုရွေးချယ်ရေးအဖွဲ့က သံသယ ရှိနေကြ၏။ ၎င်းဆုအတွက် www. guardian.co.uk တွင် မဲပေးရွေးချယ် နိုင်ကြောင်းလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရှုးဆု (၁၉၉၅) များကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ရိုင်ယန်ဂစ်သည် ပီအက်ဖ်အေ၏ အသက်အငယ်ဆုံးကစားသမားဆု (၁၉၉၂-၉၃)၊ အိုဘီအီးဆု (၂၀၀၇) အပါအ၀င် မန်ယူ အသင်းနှင့်အတူ အင်္ဂလန်ပရီးမီးယားလိဂ်သရဖူ ကို(၁၀) ကြိမ်မြောက် ဆွတ်ခူး ရယူပေး နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ကိုလည်း(၂) ကြိမ်တိုင်တိုင် ရယူပေးခဲ့သည်။ ထို့အပြင် တချိန်က ဝေလနိုင်ငံ လက်ရွေးစင် အသင်း၏ အသက်အငယ်ဆုံးကစားသမား၊ မန်ယူအသင်း အတွက် ပွဲအများဆုံး ပါဝင် ကစားပေးခဲ့သော ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားသည်။ 

ပင်တီ ပြီးတော့ လောက်လေးဂွ ဗိုလ်ချုပ်မှူးကြီးကိုပစ်ချ

“သန်းရွှေကို ဘယ်လိုဆော်ရမလဲ” ဆိုသည့်ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်မှူးကြီးပုံကို လောက်လေးဂွဖြင့်ပစ်ကစား ရသည့် အင်တာနက်ဂိမ်းတခုကို မြန်မာကာတွန်းပညာရှင်များက

တာပိန်ရေအားလျှပ်စစ်စီမံကိန်းအတွက် ကေအိုင်အိုကို တရုတ်ငွေ ၁၅ သိန်း အခွန်ပေးရ

အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်စီးပွားရေးကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) နှင့် အမှတ် (၂) တို့ထံမှ

ရှစ်လေးလုံးနေ့အကြို ရန်ကုန်မြို့လုံခြုံရေး တင်းကျပ်

ရှစ်လေးလုံးနေ့အကြို ရန်ကုန်မြို့လုံခြုံရေး တင်းကျပ်အနှစ် ၂၀ ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် စစ်အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးချဲ့တပ်ဖြန့်ထားပြီး လွန်ခဲ့သည့် ၂ ပတ်ကတည်းက ရန်ကုန်နှင့် မန္တလေးမြို့များသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပြောင်းရွှေ့ထား

နာမည်ကျော် ဗေဒင်ဆရာ စာရေးဆရာ မင်းသိင်္ခ ကွယ်လွန်

နာမည်ကျော် ဗေဒင်နက္ခတ္တ ဆရာ၊ စာရေးဆရာ မင်းသိင်္ခသည် ယနေ့နံနက်က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်းတွင် ကွယ်လွန်သွားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသား ကျော်ကျော်ထွေး ဆေးရုံတင်ထားရ

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုကျော်ကျော်ထွေး (ခ) ကိုမာဂီသည် အင်းစိန်ထောင်တိုက်အတွင်း၌ ချော်လဲရာမှ ဆီးခုံရိုးအက်သွားသဖြင့် အင်းစိန်ဆေးရုံတွင်
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်