Miss World Cup 2010 ပြိုင်ပွဲ အာဂျင်တီးနား အလှမယ် ဆုရ

Friday, 11 June 2010 18:10 ကမ္ဘာ့ဖလား ၂၀၁၀
Print
၂၀၁၀ ခုနှစ် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲအထိမ်းအမှတ် Miss World Cup 2010 အလှမယ် ပြိုင်ပွဲကို ဇွန်လ ၄ ရက်နေ့က ဂျာမနီနိုင်ငံ၌ ကျင်းပရာ အာဂျင်တီးနားနိုင်ငံမှ Jennifer Scherman က အလှမယ်ဘွဲ့ကို ဆွတ်ခူး ရရှိသွားသည်။

ယင်းပြိုင်ပွဲကို ဂျာမနီနိုင်ငံတောင်ပိုင်း Rust မြို့ရှိ Europa Park တွင် ကျင်းပခဲ့ပြီး ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ၃၂ နိုင်ငံ ကိုယ်စားပြု အလှမယ်များက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကဲ့သို့ အုပ်စုတခုလျှင် ၄ ဦးစီဖြင့် အုပ်စု ၈ စုခွဲ၍ ယှဉ်ပြိုင်ခဲ့ကြသည်။

ပထမ ဆုကို ဆွတ်ခူး ရရှိသွားသော အသက် ၁၇ နှစ် အရွယ်ရှိ အာဂျင်တီးနား အလှမယ် Jinnifer က ယူရိုငွေ ၅၀၀၀ နှင့် အီဂျစ် နိုင်ငံသို့ အလည် အပတ်ခရီး သွားရောက်ရမည် ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်း တရပ်တွင် ဖော်ပြထားသည်။

အာဂျင်တီးနား အလှမယ်က Miss World Cup ဆုကို ဆွတ်ခူး ရရှိသွား ခြင်းသည် နည်းပြ မာရာဒိုနာ၏ လမ်းညွန်မှုဖြင့် ကမ္ဘာ့ဖလားတွင် ပါဝင် ယှဉ်ပြိုင်မည့် အာဂျင်တီးနား ဘောလုံးအသင်း ကမ္ဘာဖလား ရရှိနိုင်မည့် အတိတ်နိမိတ် ကောင်းတခု ဖြစ်ကြောင်း အာဂျင်တီးနား ပရိတ်သတ်များက ပြောသည် ဟုလည်း ဆိုသည်။

အသက် ၂၈ နှစ်ရှိ ဂရိ အလှမယ် Katerina Giannoglou နှင့် အသက် ၂၀ အရွယ်ရှိ နယ်သာလန် အလှမယ် Avalon-Chanel Weijzig တို့က တတိယ အသီးသီး ရရှိသွားသည်။

ပါဝင် ယှဉ်ပြိုင်ကြသော အလှမယ် များသည် မိမိကိုယ်စားပြု ဘောလုံး အသင်း ၀တ်စုံများနှင့် ရေကူး ၀တ်စုံများကို ၀တ်ဆင်၍ စီတန်း အလှပြခဲ့ ကြကြောင်း သတင်းများတွင် ရေးသား ဖော်ပြသည်။

ယင်း Miss World Cup 2010 အလှမယ် ပြိုင်ပွဲကို Miss Germany Corporationက စီစဉ် ကျင်းပခြင်း ဖြစ်ပြီး လွန်ခဲ့သော ၂၀၀၆ နှစ်က ကျင်းပ ခဲ့သော ပြိုင်ပွဲတွင် တိုဂို၊ စပိန်နှင့် အီကွေဒေါ နိုင်ငံများမှ အလှမယ်များက ရရှိခဲ့ကြောင်း သိရသည်။