ပြင်ဆင်ဖြည့်စွက်ချက်

Tuesday, 14 September 2010 13:07 အမှားပြင်ဆင်ချက်
Print
စက်တင်ဘာ ၁၀ နေ့တွင် ရေးသားဖော်ပြခဲ့သော “PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့” သတင်းတွင် “PR လက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံသား အဖြစ် ပြောင်းလဲ ခံယူရန် တိုက်ရိုက် ညွှန်ကြားထားခြင်း”ဟု ဖော်ပြခဲ့သော်လည်း စင်ကာပူအစိုးရက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်၏ အတွင်းရေးမှူး မစ္စတာ ဟိုတုန်ယင်၏ မီဒီယာများသို့ ရှင်းလင်းချက်အရ သိရသည်။

“စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခြင်းမရှိသေးပါက မြန်မာနိုင်ငံသားတဦး အနေဖြင့် တလလျှင် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးဆောင်ရ” ဟု ယခင် သတင်းတွင် ဖော်ပြခဲ့သော်လည်း စင်္ကာပူရောက် မြန်မာနိုင်ငံသားများသည် Work Permit (WP)၊ S- Pass ၊ Employment Pass (EP)၊ PR စသည့် ကိုင်ဆောင်သည့် လက်မှတ်ပေါ် မူတည်၍ တလလျှင် စင်္ကာပူဒေါ်လာ ၄၀ မှ ၁၅၀ အထိ အသီးသီး ပေးဆောင်ရကြောင်း သိရှိရသည်။ (ပြင်ဆင် ဖြည့်စွက်ထားသည့် သတင်း ဖတ်ရှုရန်)