ကြံ့ဖွံ့ပါတီ (သို့) ရယ်ဒီမိတ် အစိုးရ

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ဆိုပြီး အသွင်ပြောင်း ဖွဲ့စည်းလာတဲ့ ပါတီဟာ ယနေ့မှ လူလုံးပြ ထွက်လာတဲ့ အဖွဲ့အစည်း တခုတော့ မဟုတ်ပါ။ ယခင် ကတည်းက အခိုင်အမာ ဆောက်တည် ထားတာပါ။ ကုလားကြီးကို အရာကြီးဆိုပြီး နာမည် ပြောင်းလိုက် သလိုပါပဲ။ ဒါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက စီမံချက်တွေချပြီး လုပ်ဆောင်လာခဲ့တာပါ။

usda_membersပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီး ဗိုလ်ချုပ် ဌေးဦးက ၂၀၀၈ ခုနှစ် အတွင်း ဆည်ဖွင့်ပွဲ မိန့်ခွန်း တခုမှာ “အသင်းကြီးကို တိုင်းပြည်ရဲ့လိုအပ်ချက် အရ တောင်းဆို လာရင် ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းမှာပါ” လို့ ပြောခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာ ပြည်သူတွေကို ပေါ်ပေါ်ထင်ထင် အသိမပေးဘဲ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲရာမှာ လိုအပ်သလို ရန်ပုံငွေရှာဖို့ ကြိုတင် အစီအစဉ်တွေကို တပ်ချုပ်ကြီးက ချမှတ်ခဲ့ပါတယ်။ အဲဒါတွေထဲမှာ ဘိလပ်မြေ စက်ရုံတွေ တည်ဆောက်ပြီး ကြံ့ဖွံ့ပါတီအတွက် ရန်ပုံငွေ အလုံအလောက် ရှာဖို့ပဲ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းတွေထဲမှာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်မှာရှိတဲ့ ပြည်ညောင် ဘိလပ်မြေ စက်ရုံလည်း တခု အပါအဝင်ပါ။

၂၀၁၀ ခုနှစ် ဧပြီလမှာ ပြည်ညောင် ဘိလပ်မြေစက်ရုံကို ဖွင့်လှစ်ခဲ့ပြီး တနေ့ကို ဘိလပ်မြေ တန် ၅၀၀ ထုတ်လုပ်နိုင်ပါတယ်။ စက်ရုံကို ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်က ရွေးကောက်ပွဲဝင်မယ့် ကြံ့ဖွံ့ပါတီက ၀န်ကြီးတွေ၊ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း တို့နဲ့အတူ တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

အများအမြင်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် စက်ရုံလို့ ထင်နေကြပါတယ်။ တပ်ချုပ်ကြီးက ပါတီရန်ပုံငွေ ရအောင် စက်ရုံဆောက်ခိုင်းတာဖြစ်ပြီး အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်းက ပွဲစားလုပ်ကာ တရုတ်ပြည်က ကုမ္ပဏီတွေကို ကန်ထရိုက်ပေး ဆောက်လုပ်ခိုင်းတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကြံ့ဖွံ့အသင်းက ဗဟိုကော်မတီဝင် လျှပ်စစ် စွမ်းအား ၀န်ကြီး ဦးဇော်မင်းက သူ့ဌာနမှ ဝန်ထမ်းတွေကို နေပြည်တော်မှာ တွေ့ဆုံတဲ့အခါ “ငါတို့တွေက ရယ်ဒီမိတ် အစိုးရကွ။ ရွေးကောက်ပွဲ ပြီးတာနဲ့ အစိုးရ ပြန်ဖွဲ့မယ်။ ငါတို့ ဆက်အုပ်ချုပ်သွားမယ်” လို့ ပြောခဲ့ပါတယ်။

ရှင်းရှင်းပြောပြရရင်တော့ သူတို့က ပါတီပြောင်းပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချထားပြီးသား  ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်တွေမှာ ကြံ့ဖွံ့ပါတီကိုဝင်တဲ့ လူဦးရေများတဲ့ လမ်းတွေကို ဦးအောင်သိန်းလင်း ဦးဆောင်ပြီး  ကြံ့ခိုင်ရေးပါတီအမည်ခံပြီး လမ်းခင်းပေးပါတယ်။ ပါတီဝင် အရေအတွက်တင်ပြပြီး ဦးအောင်သိန်းလင်းဆီကို လမ်းခင်းပေးဖို့  လျှောက်လို့ ရပါတယ်။ တကယ်တော့ ပြည်သူတွေကို ငါကြင်းဆီနဲ့ ငါကြင်းကြော်ပြီး ပါတီဝင်အရေအတွက် များလာအောင်  စည်းရုံးရေး လုပ်နေတာပါ။

ပြည်သူတွေဆီက ကောက်ခံထားတဲ့ စည်ပင်အခွန်တွေ၊ ဘီးခွန်တွေနဲ့ နိုင်ငံတော်ရဲ့ လစာ စားနေတဲ့ စည်ပင်သာယာ ဝန်ထမ်း တွေကို အသုံးပြုပြီးတော့ ပါတီစည်းရုံးရေး လုပ်နေတာပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာ ဝန်ထမ်းတဦးက “ကြံ့ဖွံ့ပါတီက လမ်းခင်းပေးတယ်ပြောပေမယ့် ကျွန်တော်တို့ စည်ပင်က ဝန်ထမ်းတွေပဲ လုပ်ပေးရတာ”လို့ ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကြီး မီးလောင်ပြီးတဲ့နောက် အရင်းအနှီး ပြန်လည် မတည်ဖို့ ငွေကြေး လိုအပ်နေတဲ့ ဆိုင်ရှင်တွေကို ကြံ့ဖွံ့ပါတီက ငွေချေးပေးပါတယ်။ ငွေချေးမယ်ဆိုရင် မြို့တော်ခန်းမမှာရှိတဲ့ ကြံ့ဖွံ့ပါတီက ဦးအောင်သိန်းလင်း ကို လိပ်မူပြီး လျှောက်လွှာတင်ရပါတယ်။ ပြီးရင် မြို့တော် စည်ပင်ဘဏ်မှာ လုပ်ထုံးလုပ်နည်းများအတိုင်း ငွေထုတ်ချေး ပေးပါတယ်။

ဒီကနေ့အထိ မြို့တော် စည်ပင်ဘဏ်ကနေ မင်္ဂလာဈေးက ဆိုင်ရှင်တွေကို ငွေကျပ် သိန်းပေါင်း ၁ သောင်းကျော် ထုတ်ချေးပေးထားပြီးပြီလို့ မြို့တော် စည်ပင်ဘဏ် ဝန်ထမ်းတဦးက ပြောပါတယ်။

ကြံ့ဖွံ့ပါတီသည် လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်း ပြောသလို “ရယ်ဒီမိတ်အစိုးရ” ဖြစ်နေပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေ၊ စည်ပင် သာယာရေး ရန်ပုံငွေတွေကို ကြံ့ခိုင်ရေးပါတီပိုင်လို အသုံးပြုပြီး ပြည်သူတွေကို လှည့်ဖြား စည်းရုံးနေတာ ဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီ အတွင်းမှာလည်း ကိုယ်ကျိုးစီးပွားကို ရှေးရှုပြီး ဝင်ရောက် နေရာယူလာသူတွေလည်း ရှိလာပါတယ်။

အရင် ကြံ့ဖွံ့အသင်းအထဲက မြို့နယ် အလုပ်အမှုဆောင်တွေ၊ မြို့နယ် အတွင်းရေးမှူးတွေအဖြစ် နှစ်ရှည်လများ စည်းရုံးရေး လုပ်ပေးလာတဲ့ လူတွေက ဒီနေ့အချိန်မှာ လွှတ်တော်အမတ်အဖြစ် တယောက်မျှ ပါဝင်ရခြင်း မရှိဘဲ စစ်တပ်က လူတွေကိုသာ မြို့နယ်တွေမှာ ရွေးချယ်ခံဖို့ အမတ်လောင်းစာရင်းများမှာ သတ်မှတ် ချထားပေးတဲ့အပေါ် မကျေနပ်သံတွေကို မြို့နယ် အ တော်များများမှာ ကြားနေရပါပြီ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်