ဧရာဝတီ “စစ်သည်တော်” စာမျက်နှာ အတွက် စာမူဖိတ်ခေါ်

Wednesday, 07 July 2010 16:39 Announcements
Print
ဧရာဝတီ မဂ္ဂဇင်းတွင် စစ်သည်တော် စာမျက်နှာ ဟူ၍ ကဏ္ဍသစ်တရပ် စတင် ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် ပြည်တွင်း ပြည်ပရှိ စစ်သည် ဗိုလ်ပါ၊ အကြပ်၊ တပ်သားများအဖြစ် လက်ရှိ အမှုထမ်းနေသူများ၊ အနားယူပြီး သူများ အားလုံးထံမှ စာမူများ ဖိတ်ခေါ် အပ်ပါသည်။

စစ်တပ် ဆိုသည်မှာ တိုင်းပြည် တပြည်၏ အရေးကြီးသော အခန်းကဏ္ဍတွင် မရှိမဖြစ် ပါဝင်နေပါသည်။ စစ်မှန်သည့် ပြည်သူ့ တပ်မတော် ဖြစ်ပေါ်လာ စေရေးအတွက် အဖြစ်မှန်များကို ရဲရဲဝံ့ဝံ့ ဖော်ထုတ် တင်ပြလိုသည့် တပ်မတော် သားကောင်း များစွာ ရှိနေသည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့် စစ်သည်များ အနေနှင့် မိမိ ဖြတ်သန်းခဲ့သော အတွေ့အကြုံများထဲမှ ခံစားတွေ့ကြုံခဲ့ရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ အပါအဝင် တပ်မတော်တွင်း အမှန်တကယ် ဖြစ်နေသည့် လာဘ်စားမှု၊ သာတူညီမျှ မရှိမှု၊ ပျော်ရွှင်ဖွယ်၊ စိတ်လှုပ်ရှားဖွယ်၊ တုန်လှုပ်ခြောက်ခြားဖွယ်၊ ရယ်ရွှင်ဖွယ် အဖြစ်အပျက်များနှင့် လက်ရှိ မြန်မာ့တပ်မတော် အပေါ်ထင်မြင်ချက်၊ တပ်မတော်ကို မည်သည့်ပုံစံ အနေအထားဖြင့် မြင်ချင်သည် ဆိုသည့် ထင်မြင်ချက်များကို ဧရာဝတီပရိသတ်အတွက် ရေးသားပေး ပါရန် ဖိတ်ခေါ်ပါသည်။

စာမူ ပေးပို့လိုသူများ အနေနှင့် This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့နိုင်ပါသည်။ စာမူပေးပို့သူသည် ကလောင်အမည်နှင့် ထမ်းဆောင်ခဲ့သည့် ရာထူး တို့ကို ဖြည့်စွက်ပေးပို့ စေလိုပါသည်။ ပေးပို့လာသည့် စာမူများကို ဧရာဝတီမဂ္ဂဇင်း စာတည်းအဖွဲ့က တည်းဖြတ်ပြီးမှ အသုံးပြုမည် ဖြစ်ပါသည်။