ရုံးထုတ်သည့် တတိယနေ့

ဒီကနေ့မှာတော့ အရင်နေ့တွေကလို မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြတဲ့ အရပ်သူ အရပ်သားတွေ၊ အဖွဲ့ချူပ် အဖွဲ့ဝင်တွေက ပိတ်ဆို့ထားတဲ့ အင်းစိန် မီးသတ်ရှေ့ကို မနက် ၁၁ နာရီလောက်ကျမှ လာရောက်ကြပါတယ်။

အင်းစိန်ထောင်မှာ ပြည်တွင်းသတင်းမီဒီယာ ၅ ခုနဲ့ မြန်မာနိုင်ငံသား နိုင်ငံခြားသတင်းဌာနက သတင်းထောက် ၅ ဦးကို ၀င်ခွင့်ပြုတယ်ဆိုတဲ့ သတင်းက အင်းစိန်မီးသတ်ရှေ့နားမှာ ရှိနေတဲ့ လူတွေအကြား တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုးပြောဆိုနေကြတယ်။

မနက် ၁၁ နာရီ ခွဲလောက်မှာတော့ သံရုံကားတွေတစီးပြီးတစီး အင်းစိန်ခုံးတံတားပေါ်ကဆင်းလာတော့ လူတွေ အားလုံးမျက်နှာမှာ အပြုံးတွေကို မြင်ရပါတယ်။

“နောက်ဆုံးတော့ နိုင်ငံတကာဖိအားဆိုတာ အစိုးရနားလည်သွားပြီထင်ပါရဲ့”လို့ ဆိုပြီး အဖွဲ့ချူပ် အဖွဲ့ဝင်တဦးက လည်း အပြုံးနဲ့ပြောဆိုနေတယ်။

အင်းစိန်ထောင်ကို ၀င်ရောက်နေတဲ့ သံရုံးကားတွေဟာ နေ့လယ် ၁ နာရီထိုးတဲ့အထိ မစဲနိုင်ဘူး။ တစီးပြီး တစီး ၀င်နေတယ်။ ရာဂဏန်းချီတဲ့ လူအုပ်ကြီးကလည်း အင်းစိန်ထောင်ထဲဝင်သွားတဲ့ သံရုံးကားတွေကို တစုံတရာ မျှော်လင့်သလိုမျိုး ကြည့်နေကြပါတယ်။

 

{slimbox images/multimedia/Dassk/01.jpg,images/multimedia/Dassk/01-sm.jpg, ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးတင်စစ်ဆေးသော တတိယနေ့တွင် အင်းစိန် အကျဉ်းထောင်အနီး လာရောက်စုဝေးကြသော ထောက်ခံသူများ (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ); images/multimedia/Dassk/02.jpg,images/multimedia/Dassk/02-sm.jpg, ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးတင်စစ်ဆေးသော တတိယနေ့တွင် အင်းစိန် အကျဉ်းထောင်အနီး လာရောက်စုဝေးကြသော ထောက်ခံသူများ (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ); images/multimedia/Dassk/03.jpg,images/multimedia/Dassk/03-sm.jpg, ဒေါ်အောင်ဆန်းစုကြည်အမှုကို တက်ရောက်လေ့လာခွင့်ရသော သတင်းစာဆရာများ ပြန်လည်ထွက်ခွာလာစဉ် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ); images/multimedia/Dassk/04.jpg,images/multimedia/Dassk/04-sm.jpg, ဒေါ်အောင်ဆန်းစုကြည်အမှုကို တက်ရောက်လေ့လာခွင့်ရသော နိုင်ငံခြားသံတမန်များ၏ ကားများ ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ); images/multimedia/Dassk/05.jpg,images/multimedia/Dassk/05-sm.jpg, ဒေါ်အောင်ဆန်းစုကြည်အမှုကို တက်ရောက်လေ့လာခွင့်ရသော နိုင်ငံခြားသံတမန်များ၏ ကားများ ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ); images/multimedia/Dassk/06.jpg,images/multimedia/Dassk/06-sm.jpg, ဒေါ်အောင်ဆန်းစုကြည်အမှုကို တက်ရောက်လေ့လာခွင့်ရသော နိုင်ငံခြားသံတမန်များ၏ ကားများ ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)}

အဲဒီ နေ့လယ် ၁ နာရီကျော်လာတဲ့အချိန် အင်းစိန်မီးသတ်နားကို ရောက်လာကြတဲ့ လူအုပ်ကြီးက တဖြည်းဖြည်း များလာတယ်။

အင်းစိန်မီးသတ်ရှေ့လာရောက်ကြတဲ့ လူအုပ်ကြီးကို စောင့်ကြည့်နေသူ၊ ဓာတ်ပုံ မှတ်တမ်းတင်ရိုက်ကူးနေသူ အရပ်ဝတ် စစ်သားနဲ့ ရဲတွေကလည်း မနည်းပါဘူး။ အင်းးစိန်မြို့မဈေးကြီးရဲ့ အပေါ်ထပ်ကနေ ဓာတ်ပုံကင်မရာ တွေ၊ ဗီဒီယိုကင်မရာတွေ တဖျပ်ဖျပ်နဲ့ ရိုက်နေကြတာကို တွေ့ရတယ်။

အင်းစိန်မီးသတ်ရှေ့မှာရောက်နေတဲ့အဖွဲ့ချူပ်ဝင်တွေနဲ့ လူထုက မှတ်တမ်းတင်နေတဲ့ စစ်သား၊ ရဲ ၊ စွမ်းအားရှင် နဲ့ သတင်းပေးတွေ အားလုံးကို“ဖုတ်လေတဲ့ ငါးပိ၊ ရှိလေတယ်တောင်” သတိမထားကြ၊ အရေးမစိုက်ကြပါဘူး။

ကိုယ့်အတွေးနဲ့ကိုယ် ပြောစရာရှိတာပြော၊ ဆိုစရာရှိတာဆိုနေကြတယ်။ သူတို့အားလုံးမျက်နှာမှာ ကြောက်ရွံ့ ခြင်း တွေကင်းနေပြီး တသွေးတည်း တသားတည်းဆိုသလိုမျိုး ဓာတ်ပုံကင်မရာများ၊ ဗီဒီယို ကင်မရာ တွေနဲ့ မှတ်တမ်းတင်နေသူတွေဘက်ဆီ မျက်နှာမူပြီး ပြောင်ပြောင်တင်းတင်း မှတ်တမ်းတင်ခံနေကြတယ်။

နက်ပြာရောင် ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ လူငယ်တဦးက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းတပ်ဖွဲ့ ကလား၊ ထောက်လှမ်းရေးကလား မသိတဲ့ လူဘက်ဆီ မျက်နှာမူလို့ လက်နှစ်ချောင်းထောင်ပြပြီး သရုပ်ဆောင် ပြနေတယ်။
နေ့လယ် ၂ နာရီ ခွဲလောက်မှာ အင်းစိန်ထောင်ထဲက သံရုံးကားတွေ တစီးပြီး တစီးထွက်လာတော့ အင်းစိန် မီးသတ်ရှေ့က လမ်းဘေးဝဲယာမှာရပ်ပြီး စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးက ထွက်လာတဲ့ကားတွေကို စိတ်ဝင် စားစွာ ကြည့်နေကြပါတယ်။

သံရုံးကားတစီး ထွက်သွားတိုင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးတဲ့ ရဲတွေ၊ သတင်းထောက်တွေ၊ သာမန်အရပ်သူ အရပ်သားတွေက နေရာအနှံ့တွေ့နေရတယ်။ လူအုပ်ကြီးထဲမှာ အင်းစိန်ထောင်က ထွက်ခွာသွားတဲ့ သံရုံးကား တွေကို လက်နှစ်ဘက်ဝှေ့ယမ်း ပြသူပြနဲ့ နှုတ်ဆက်နေကြပါတယ်။

အဲဒီအချိန် အင်းစိန်ထာင်ဘက်ကို ရိုက်တာ သတင်းဌာန၊ ဂျပန်သတင်းဌာနတွေက မြန်မာသတင်းထောက်၊ ပြည်တွင်း သတင်းဂျာနယ်တွေက သတင်းထောက်တွေ အပါအ၀င် လူရှစ်ဦးကနေ ဆယ်ဦး လောက်ရှိတဲ့ သတင်း ထောက်အုပ်စုကြီး ထွက်လာတယ်။

အင်းစိန်ထောင်ဝင်ခွင့်ရခဲ့တဲ့ သတင်းထောက်အုပ်စုထဲမှာ ပါတဲ့ သတင်းထောက်တဦးက လက်မကို ထောင်လို့ စကားတခွန်းပြောလိုက်တယ်။

“အားလုံး အခြေအနေ ကောင်းတယ်”

အဲဒီ စကားက စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို နှစ်သိမ့်လိုက်တာလား၊ အမှန်တကယ်ပဲလားတော့ မသိရပါ။

အင်္ကျီအဖြူရောင်နဲ့ ယောထဘီဝတ်ဆင်ထားတဲ့ အဖွဲ့ချူပ်အဖွဲ့ဝင် အမျိုးသမီးကြီးတဦးကလည်း ...

“အမှန်တရား ဘက်တော်သားဆိုတာ ဘယ်တော့မှ မကျဆုံးဘူး”ဆိုတဲ့ စကားကို ပြောဆိုနေခဲ့ပါတယ်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်