ဖိုးရှုပ်နှင့်ကြွက်စုတ်တို့ ၂ ယောက် ထုံးစံအတိုင်း နေဖင်ထိုးအောင်အိပ်ပြီး မနက်စောစော စာနှင့် နေ့လယ်စာကို ပေါင်းစားရန် ထုံးစံအတိုင်း ဘာစားရင်ကောင်းမလဲ
ငြင်းခုန်နေကြ သည်။ ထိုအချိန်တွင် ….
ရုက္ခစိုး။ ။ ဟေး မင်းတို့ ၂ ကောင် ထုံးစံအတိုင်း ငြင်းနေကြပြန်ပြီလား။
ဖိုးရှုပ်။ ။ ဟုတ်ပါ့ ဦးရုက္ခစိုးရေ။ ဗမာဆိုင်သွားမယ်၊ ထိုင်းဆိုင်သွားမယ်နဲ့ ငြင်းနေကြတာ။ ဗိုက်က တော်တော်ဆာလာပြီ။
ရုက္ခစိုး။ ။ ဒါများကွာ … ဒီလိုအချိန်မှာ အထိမ်းအမှတ် အစားအစာ တခုခု စားသင့် တယ်ကွ။
ကြွက်စုတ်။ ။ ဘယ်လို အထိမ်းအမှတ်စာလဲ ဦးရုက္ခစိုးရဲ့။ လုပ်ပါဦး။
ရုက္ခစိုး။ ။ ဟာ။ မင်းတို့ကောင်တွေ ဒါတောင် မသိကြဘူးလား။ လောလောဆယ် မင်းတို့ စားသင့်တာက ထိုင်းထမင်းကြော် ကွ။ စမတ်ကြီး ဂွမ်းသွားတဲ့ အထိမ်းအမှတ်နဲ့။
ဖိုးရှုပ်။ ။ ဟား ဟုတ်သားပဲ။ ဦးရုက္ခစိုးကြီးပြောမှ သတိရတယ်။ ဟုတ်တယ်ကွ ကြွက်စုတ်။ ဒီအချိန်မှာ အသင့်တော်ဆုံးက ကမ္ဘာကျော် ထိုင်းထမင်းကြော်ပဲ။ ပြောနေတာ ကြာတယ် သွားကြမယ်။ လာ ဦးရုက္ခစိုးပါ လိုက်ခဲ့။
ပြောပြောဆိုဆို ဖိုးရှုပ်က ဦးဆောင်ပြီး နီးရာ ထိုင်းထမင်းဆိုင် တဆိုင်ထဲ ဝင်သွားသဖြင့် ကျန် နှစ်ဦးမှာ ကန့်လန့်ကန့်လန့်နှင့် ပါသွားရတော့သည်။
ဖိုးရှုပ်။ ။ ထိုင်းဝန်ကြီးချုပ်တို့များနော် …. ဟင်းချက်လို့ ရာထူး ပြုတ်ရတယ်တဲ့။ လူကြားလို့မှ မတော်။
ကြွက်စုတ်။ ။ သြော် မင်းကလည်း။ သူ့ခမျာ မချက်ရင် မနေနိုင်တာက လွဲလို့ ဆိုတဲ့ သီချင်းကို ရာထူးမရခင် ကတည်းက ဆိုလာတဲ့ဥစ္စာ။
ရုက္ခစိုး။ ။ အဲဒါပေါ့ကွာ ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်လို တည်တည်တံ့တံ့မှ မနေဘဲ။ တခုတော့ရှိတယ် ဟင်းချက်လို့ ပြုတ်တဲ့ ဝန်ကြီးချုပ် ဆိုတာ ရာဇဝင်မှာ မရှိဘူးနဲ့ တူတယ်ကွ။ ဂင်းနစ် ဘုတ်အုပ်ထဲ ထည့်သင့်တယ်။
ဖိုးရှုပ်။ ။ ဥပဒေနဲ့ ညိစွန်းသွားတာကိုး။ အနေအထိုင်မတတ်မှုပေါ့။ တို့ဝန်ကြီး ချုပ်လိုများ အိနြေ္ဒရရ လေးနေပါတော့လား။ တို့ အကြီးအကဲတွေဆို ဘယ်လောက်အိနြေ္ဒကြီးလဲ ကြည့်။ ဘယ်သူဘာဖြစ်ဖြစ် အေးဆေးပဲ။ မုန်တိုင်းကြောင့် လူတွေ ဒုက္ခ ရောက်လည်း အေးဆေးပဲ။ တိုင်းပြည်တပြည်လုံး ငတ်နေလည်း အေးဆေးပဲ။
ကြွက်စုတ်။ ။ ဟုတ်ပါ့။ ထိုင်းမှာ နည်းနည်းပါးပါး ဆန္ဒပြရုံရှိသေးတယ်။ သူတို့ အိနြေ္ဒက ပျက်နေပြီ။ တို့ဆီမှာဆို အဲလို နည်းနည်း ဆူပူတယ် ကြားတာနဲ့ ဘာမှအိနြေ္ဒ မပျက်ဘူး။ သူတို့လက်ထဲက သေနတ် ကလေး ခလုတ်ဆွဲလိုက်ရုံပဲ။ ဟော ဘုန်းကြီးတွေကို ရိုက်တာ နှက်တာတောင် အိနြေ္ဒပျက်လို့လား။
ရုက္ခစိုး။ ။ အေး မင်းတို့ပြောတာတွေ ဟုတ်တယ်ကွ။ အိနြေ္ဒ ရတယ်ဆိုလို့ တနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ရဲချုပ်နဲ့ ပြန်ကြားရေးဝန်ကြီးတို့ အိနြေ္ဒရချက်ကတော့ကွာ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ရောက်ခဲ့လို့လား။
ရုက္ခစိုး။ ။ ရောက်တော့ ဘယ်ရောက်မလဲကွ။ ဒါပေမယ့် ငါကနတ်ပဲ သိတာပေါ့။
ကြွက်စုတ်။ ။ အံမာ တမူးက ပိုရှူချင်ပြန်ပြီ။ နတ်မဟုတ်လည်း သတင်းစာဖတ်ကြည့် သိပါတယ်ဗျာ။ ကျုပ် အကုန်ဖတ်ပြီးပြီ။
ဖိုးရှုပ်။ ။ မင်းကလည်းကွာ သတင်းစာက ထည့်ချင်တာပဲထည့်ပြီး မထည့်တာတွေကျ မင်းက သိတာကျနေတာပဲ။ ဦးရုက္ခစိုး သူ့ဟာသူမြင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြောပါဦးဗျ။ ဘယ်လို အိနြေ္ဒရလဲဆိုတာ။
ရုက္ခစိုး။ ။ ဒီလိုလေကွာ။ သူတို့ တည်ငြိမ် အိနြေ္ဒရပုံက စာဖွဲ့လောက်တယ်ကွ။ မေးသမျှကို လွှဲလွှဲပြီး လိုရင်းမရောက် အောင်ကို ဖြေသွားတာ။ သူတို့ လုပ်ချင်တာတွေ လုပ်ထားသမျှကို ဥပဒေနဲ့ အညီဆိုတာထဲ ဆွဲထည့်သွားတာများ မင်းတို့ ဒီလိုဖြေတတ်အောင် နမူနာယူသင့်တယ်။
ကြွက်စုတ်။ ။ ဒီကိစ္စတွေအားလုံးက အွန်ဂိုးရင်းကေ့စ်ပါ ဦးရုက္ခစိုးရယ်။ သတင်း ထောက်တွေ ဖမ်းထားတာလည်း ရဲချုပ် အနေနဲ့ ဥပဒေနဲ့ အညီကို အွန်ဂိုးရင်းကေ့စ် တာပါ။ ကိုမင်းကို နိုင်တို့ကို ရုံးထုတ်တဲ့အခါ လက်ထိပ်ခတ်တာလည်း ဥပဒေနဲ့ အညီပါ။ လက်ထိပ်မခတ်ဖို့ တောင်းဆိုရင် တောင်းဆိုတဲ့သူက ဥပဒေကို ချိုးဖောက်ရာကျပါမယ်။
ဖိုးရှုပ်။ ။ ဘယ်လိုကွ။ ဘယ်လို။
ဦးရုက္ခစိုး။ ။ အင်း လုပ်စမ်းပါဦးကွ။ နိုင်ငံခြားသတင်းစာ ဗျူရိုချိတွေ ပြည်တွင်းလာပြီး လေ့လာဖို့ ဗီဇာကိစ္စ။
ကြွက်စုတ်။ ။ ဒါကတော့ စဉ်းစားနေပါတယ်။ ပြန်ကြားရေးဝန်ကြီးအနေနဲ့ အမြဲတမ်းလည်း စဉ်းစားပါတယ်။ စဉ်းပြီးတော့ ကို စားလို့ အောက်သွားတောင် ရှိစရာ မလိုပါဘူး။ သွားကိုက်၊ သွားနာ သက်သာတာပေါ့။
ဖိုးရှုပ်။ ။ ဟာ ကျုပ်နားလည်အောင်လည်းပြောဦးလေ။
ဦးရုက္ခစိုး။ ။ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်နဲ့ နေပြည်တော် တလှည့်စီလုပ်ဖို့ကိစ္စ။
ကြွက်စုတ်။ ။ ဟုတ်ကဲ့။ ဒါကိုလည်း မှတ်သားထားပါမယ်။ ဘုတ်အုပ်ကြီးနဲ့ကို သေချာမှတ်ထား မှာပါ။ လုပ်တာမလုပ်တာ တကဏ္ဍပေါ့။
ဖိုးရှုပ်။ ။ ခင်ဗျားတို့ဟာက ကျုပ်နားရှုပ်ကုန်ပြီဗျ။ ဟေ့ကောင် ကြွက်စုတ် လုပ်ပါဦး။
ကြွက်စုတ်။ ။ အဲဒါပဲ။ မင်းက အိမ်စာမလုပ်လာတာ သိပ်သိသာတယ်။ အသက်ရှည်ချင်ရင် မြန်မာ့အလင်းနဲ့ ကြေးမုံဖတ်ပါ ဆိုတာ မကြားဖူးဘူးလား။
ဖိုးရှုပ်။ ။ ဘာဆိုင်လို့လဲကွ။
ကြွက်စုတ်။ ။ ဆိုင်တာပေါ့။ ရယ်ရလို့လေ။ အမြဲဖတ် မင်း အသက်ရှည်မယ်။
ရုက္ခစိုး။ ။ ဟုတ်ပါ့ကွာ။ ငါဆို နတ်သက် ရှည်သထက်ရှည်မှာစိုးလို့ မဖတ်မိအောင် သတိထားနေရတယ်။
ဖိုးရှုပ်။ ။ အင်း မှတ်သားစရာပဲ။ ဒါကိုလည်း အွန်ဂိုးရင်းကေ့စ် အနေနဲ့ သဘောထားပြီး ကျုပ် စဉ်းစား လိုက်ပါ့မယ်။
ထို့နောက်တွင် သူတို့ ၂ ယောက်နှင့် တပါးတို့ စားသောက်၊ ရှူ (နတ်က အငွေ့ပဲရှူတာ) ထားသမျှ ထိုင်း ထမင်းကြော်ဖိုး များကို ဥပဒေနှင့်အညီ ရှင်းကာ ညကျ ကလပ်သွားမည့် အွန်ဂိုးရင်းကေ့စ်အကြောင်း ဆွေးနွေးရင်း လောလောဆယ် တရေး တမောပြန်အိပ်ဖို့ အတည်ပြုလိုက်ကြလေတော့သည်။< Prev | Next > |
---|