သောကြာစကားဝိုင်း (ဧပြီ ၃၊ ၂၀၀၉)


ယခုတပတ် သောကြာစကားဝိုင်း ဒုတိယအကြိမ် အစီအစဉ်မှာ ဧရာဝတီ ဝိုင်းတော်သားများ ဖြစ်ကြတဲ့ ကျော်စွာမိုး၊ ကိုစိုး၊ ဝေမိုးနဲ့ အေးချမ်းမြေ့တို့က ပါဝင်ဆွေးနွေးထားပါတယ်။

တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ပြည်တွင်းပြည်ပ သတင်းတွေ ထဲက ထူးခြားတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အနုပညာ စတဲ့ သတင်းတွေပေါ် အခြေခံပြီး မတူတဲ့ အမြင်၊ ရှုထောင့်တွေနဲ့ ဆွေးနွေး တင်ဆက်ထားတာ ဖြစ်ပါတယ်။

ဒီတပတ်မှာတော့ မတ်လ ၂၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တော်လှန်ရေးနေ့ မိန့်ခွန်းအပေါ် အခြေခံ ဆွေးနွေးချက်၊ မကြာသေးမီကမှ ပိတ်ပင်ခဲ့တဲ့ အန္တရာယ်ရှိ ဆိုးဆေးလက်ဖက်များ ကိစ္စနဲ့ ဘန်ကောက်မှာ ဖျော်ဖြေခဲ့တဲ့ Iron Cross စတိတ်ရှိုး တို့ကို လွတ်လွတ်လပ်လပ် ဆွေးနွေး တင်ဆက်ထားပါတယ်။

တပတ်ထက် တပတ် ပိုမိုကောင်းမွန်အောင် ကြိုးစားတင်ဆက်သွားမှာ ဖြစ်တဲ့အတွက် နားထောင်တဲ့ ပရိသတ်များရဲ့ ဝေဖန်အကြံပြုချက်များကို အထူးအလေးထား ကြိုဆိုပါတယ်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်