၇ ရက်နေ့ ဘုရားကျောင်းတချို့ပိတ်ရမည်

Friday, 05 November 2010 18:58 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲနေ့တွင် ဘုရားကျောင်း ပိတ်ရန် ရယကများက ရန်ကုန် မြို့လယ်ရှိ တယ်လဂူ အသင်းတော်ကို ယနေ့နံနက်က ပြောဆို သွားကြောင်း၊ နေ့လယ်ပိုင်း၌ ထပ်လာ၍ ဘုရားမရှိခိုး ရန် အထက်က အမိန့်စာ ထုတ်မထား သော်လည်း မဲရုံနှင့် နီးကပ် နေသဖြင့် ဆူပူမှု၊ ဖမ်းဆီးမှုများ ဖြစ်လာလျှင် တာဝန် မယူဟု ထပ်မံ ပြောဆိုသွားကြောင်း၊ ထို့ကြောင့် ဘုရားကျောင်းပိတ်ရန် ဆုံးဖြတ်ထားကြောင်း အဆိုပါ အသင်းတော် အသိုင်းအဝန်းက ပြောသည်။ အလားတူ ဆူးလေရှိ ဧမာနွေလ အသင်းတော် လည်း ယင်းနေ့တွင် ပိတ်မည်ဟု သိရသည်။