ဒေါ်အောင်ဆန်းစုကြည်ကို သွေးလှူပြီး ကြိုဆို

Friday, 12 November 2010 12:06 သတင်းတိုများ
Print
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည်ကို ကြိုဆိုသည့် အနေဖြင့် NLDပါတီ လူငယ်အဖွဲ့ဝင် ၁၀၀ ကျော်က ရန်ကုန်မြို့ရှိ ပြည်သူ့ ဆေးရုံကြီးများတွင် ယနေ့ သွေးလှူဒါန်းမှု ပြုလုပ်ကြောင်း သတင်းရသည်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့မည်ဖြစ်ပြီး စစ်အစိုးရက ပြန်လည် လွှတ်ပေးလိမ့်မည်ဟု အများက မျှော်လင့်နေကြသည်။