စစ်အစိုးရကို အာဃာတ မရှိ

Sunday, 14 November 2010 14:25 သတင်းတိုများ
Print
အကျယ်ချုပ် ချမှတ်ခဲ့သော စစ်အစိုးရအပေါ် အာဃာတ မရှိကြောင်း၊ နိုင်ငံအတွက် လုပ်ကြရာတွင် ကောင်းတာရော မကောင်းတာပါ ရှိကြောင်း၊ မကောင်းသည်ကို ပြောလျှင် စိတ်မဆိုးသင့်ကြောင်းနှင့် အပြောမခံချင်လျှင် ကောင်းအောင် လုပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသွားသည်။ ကျေးဇူးတင်စရာများ လုပ်ပြလျှင် တသက်လုံး ကျေးဇူးတင်ချင်သည်ဟုလည်း ပြောသည်။