ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ယနေ့ တွေ့မည်

Tuesday, 16 November 2010 11:48 သတင်းတိုများ
Print
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မွန်ဒီမိုကရေစီ အဖွဲ့ချုပ် (MNLD) ဥက္ကဋ္ဌ နိုင်ငွေသိန်း အပါအဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငွေသိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကိစ္စများ အပါအဝင် တိုင်းရင်းသား ကိစ္စများ ဆွေးနွေးမည်ဟု ပြောသည်။