ငြိမ်းချမ်းသည့် တော်လှန်ရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

Tuesday, 16 November 2010 18:04 သတင်းတိုများ
Print
ဒေါ်အောင်ဆန်းစုကြည်ကို BBC ကမ္ဘာ့သတင်းထောက် ဂျွန်ဆင်မ်ဆမ်က တွေ့ဆုံမေးမြန်းခဲ့ရာ ငြိမ်းချမ်းပြီး သွေးထွက် သံယို ကင်းသည့် တော်လှန်ရေးကိုသာ လိုလားကြောင်း၊ ၎င်းပြင် မြန်မာ့ တပ်မတော် ကျဆုံးသည်ကို မလိုလားကြောင်း၊ အရည် အချင်း ပြည့်ဝပြီး စစ်တပ်၏ တာဝန်ကို အပြည့်အဝ နားလည် ထမ်းဆောင်၍ ဒီမိုကရေစီကို ဆောင်ကျဉ်းရာတွင် တတပ် တအား ပါဝင်သည့် မျိုးချစ်ပြည်ချစ် တပ်မတော်အဖြစ်သာ မြင်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။