ဂီရိလေဘေး ဒုက္ခသည်များကို အဓမ္မလုပ်အားပေးခိုင်းစေနေ

Wednesday, 17 November 2010 12:13 သတင်းတိုများ
Print
ရခိုင်ပြည်နယ်အတွင်းမှ လေဘေးဒဏ် အများဆုံး ခံခဲ့ရသော မြေပုံနယ် အတွင်းမှ ကျေးရွာများမှ ပြည်သူများအား ၎င်းဒေသ၌ အခြေစိုက်သည့် ခလရ - ၂၇၀ နှင့် အမြောက်တပ် ၃၇၆ တပ်ရင်းတို့က အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိနေကြောင်း၊ ထိုသို့ ခိုင်းစေရာ တွင် လုပ်အားခ မပေးသည့်အပြင် မခြေမငံ ဆက်ဆံခြင်း၊ နိုင့်ထက်စီးနင်း ပြောဆိုခြင်းများ ရှိခြင်းကြောင့် ဒေသခံ များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြကြောင်း သိရသည်။