ဂီရိလေဘေးဒုက္ခသည်များ သောက်သုံးရေပြတ်လပ်

Tuesday, 23 November 2010 12:06 သတင်းတိုများ
Print
ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေဘေး ဒဏ်ခံခဲ့ရသော ကျေးရွာတချို့တွင် ရေအခက်အခဲ ရင်ဆိုင်ကြုံတွေ့ နေရပြီး လူများအတွက် သောက်သုံးရေ ပြတ်လပ်နေသည့် အပြင် တိရစ္ဆာန် တချို့ပါ ရေငတ် သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ မြေပုံမြို့နယ် အတွင်းရှိ ရွာများတွင် ရေရှားပါးမှု ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက ယခုအချိန်ထိ ဖြေရှင်းပေးခြင်း မရှိသေးကြောင်းလည်း သတင်းရရှိသည်။