EU အစည်းအဝေးတွင် မြန်မာပြည်အကြောင်း ထည့်သွင်းဆွေးနွေးခဲ့

Tuesday, 23 November 2010 12:48 သတင်းတိုများ
Print
ယမန်နေ့က ကျင်းပခဲ့သော ဥရောပသဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ EU သံတမန် အကြီးအကဲ ကက်သရင်း အက်ရှ်တန် ကမူ မြန်မာပြည်အရေး ဆွေးနွေးရာတွင် သတိထား၍ မယုတ်မလွန် ပြောဆိုဆွေးနွေးသင့်ကြောင်း သတိပေးသည်။ ၁၉၉၀ ပြည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့သော အတွေးအခေါ်လွတ်လပ်မှု ဆိုင်ရာ ဆုကို ကိုယ်တိုင်လာရောက် ယူရန် EU က ဖိတ်ကြားလိုက်ကြောင်းလည်း သိရသည်။