ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်

Wednesday, 24 November 2010 11:21 သတင်းတိုများ
Print
ယနေ့နံနက် ၇ နာ၇ီ ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ စေတီတော်ပေါ်သို့ NLD လူငယ်များနှင့် တက်ရောက် ဖူးမြော်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အင်္ဂါထောင့်နှင့် သားဖြစ်သူ၏ မွေးနေ့ စနေထောင့်တို့တွင် ရေသပ္ပာယ်ခြင်း၊ ပန်းဆီမီးလှူဒါန်းခြင်းများ ပြုလုပ်ပြီး ဘုရားဖူးများကို နှုတ်ဆက်ကာ ၈နာရီတွင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ ပြန်ဆင်း၍ နေအိမ်သို့ ပြန်သွားသည်။