ဂီရိ ဒုက္ခသည်များကို အမေရိကန်က ဒေါ်လာ ၃ သိန်း ကူမည်

Wednesday, 24 November 2010 11:43 သတင်းတိုများ
Print
ရခိုင်ပြည်နယ်အတွင်း ဂီရိဆိုင်ကလုန်းဒုက္ခသည်များအား ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒေါ်လာ ၃ သိန်း (ကျပ် သိန်း ၃၀၀၀ ခန့်) ကူညီရန် နိုဝင်ဘာလ ၂၃ ရက်နေ့ သဘောတူခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။ အလားတူ ဂျာမနီနှင့် သြစတြေးလျှ နိုင်ငံများကလည်း အကူအညီပေးရန် သဘောတူ ထားကြောင်း သိရသည်။