အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Wednesday, 24 November 2010 16:02 သတင်းတိုများ
Print
အိန္ဒိယ၏ မြန်မာစစ်အစိုးရအပေါ် ဆက်ဆံရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုလိုက်သည်။ အိန္ဒိယသည် ဒီမိုကရေစီ အင်အားစုများကို ထောက်ခံအားပေးလိမ့်မည်ဟု တွေးထင်ကြည့်လိုကြောင်းနှင့် ယင်းသို့ ထောက်ခံအားပေးခြင်းသည် မဟတ္တမ ဂန္ဓီနှင့် ဂျဝါလဟာနေရူးတို့၏ အစဉ်အလာကို ထိမ်းသိမ်းခြင်း ဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အင်ဒီယန်းပရက်စ် သတင်းစာသို့ ပြောသည်။