အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ဇိုမီး တော်လှန်ရေးတပ် တွေ့ဆုံ

Friday, 17 December 2010 13:09 သတင်းတိုများ
Print
အိန္ဒိယပြည်ထဲရေးဝန်ကြီး မစ္စတာ ပီ ချီဒမ်ဘရမ်က အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချူရာချန်ပူ ခရိုင်ရှိ မြန်မာနှင့် အိန္ဒိယ နိုင်ငံသား ဇိုမီး တိုင်းရင်းသားများ ပါဝင်သည့် ဇိုမီး တော်လှန်ရေးတပ်မတော် တပ်ရင်း ၁၉၃ နှင့်၂၀၃ အခြေစိုက်ရာ မူဗမ်းလိုင်အရပ် သို့ ပထမဆုံး အကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့ က သွားရောက်ခဲ့သည်။ နှစ်ဘက်ခေါင်းဆောင်များ၏ မိနစ် ၅၀ နီးပါး ဆွေးနွေးပွဲတွင် ဇိုမီး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ အရေးတွင် ငြိမ်းချမ်းစွာ ပူးပေါင်းဖြေရှင်းရေးအတွက် ဆွေးနွေးပြောဆိုကြကြောင်း ဇိုမီး အမျိုးသား ပြန် လည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ ဦးဒယ်နီက ဆိုသည်။