DKBA နှင့် စစ်အစိုးရ တိုက်ပွဲထပ်ဖြစ်၊ ဒဏ်ရာရ သေဆုံးမှုများ ရှိ

Monday, 20 December 2010 11:47 သတင်းတိုများ
Print
ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကြီး၊ ဖလူးလေး ရွာဝန်းကျင်၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ(၅)နှင့် စစ်အစိုးရတပ် ခမရ (၅၄၇) တို့ ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ ခမရ (၅၄၇)မှ ၇ ဦးကျဆုံး၍ ၁၃ ဦး ခန့် ဒဏ်ရာရရှိပြီး DKBA က ၁ ဦး ကျဆုံး၍ ၅ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။ ထိုသို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသ ခံများမှာ နီးစပ်ရာ တောထဲတောင်ထဲ ၌လှည့်လည် ပုန်းရှောင်နေရပြီး စစ်ပြေး ဒုက္ခသည် ၁၀၀ ခန့် သည်လည်း ထိုင်းနိုင်ငံ ဘက်သို့ ထပ်မံ တိမ်းရှောင်လာရသည်ဟု ယင်းဒုက္ခသည်များအား ကူညီနေသူများက ပြောသည်။