ကုန်တင်ခများ ဈေးမြင့်၍ ကုန်ပစ္စည်း တင်ပို့သူများ အခက်ကြုံ

Monday, 20 December 2010 15:51 သတင်းတိုများ
Print
ပုဂ္ဂလိက ကုန်တင်ကားများ၏ ကုန်တင်ခ ဈေးနှုန်းများ မြင့်တက်သွား သော်လည်း ကုန်ပစ္စည်း ဈေးနှုန်းများ မြှင့်တင်ရန် မလွယ်ကူ၍ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းသမားများ အခက်အခဲ ကြုံနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ယာဉ်နှင့် ကုန်ပစ္စည်း အပါအ၀င် တန် ၃၀ ထက် မပိုရဟု နိုဝင်ဘာ လကုန်ပိုင်းက ညွှန်ကြားချက် ထုတ်လိုက် ပြီးနောက် ကုန်တင်ခနှုန်းများ မြင့်တက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။