အုပ်ချုပ်ရေးကဏ္ဍတွင် ကြံ့ဖွံ့ပါတီဝင်များကို စခန့်

Tuesday, 21 December 2010 13:40 သတင်းတိုများ
Print
အနိုင်ရ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကို ရပ်ကွက်၊ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးယန္တရားတွင် အဓိကနေရာမှ ထည့်သွင်း ခန့်အပ်နေပြီဖြစ်ကြောင်း ကြံ့ဖွံ့ပါတီဝင်များက ပြောသည်။ ကြံ့ဖွံ့ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးအား ဒီဇင်ဘာလ ၂၀၊ ၂၁ ရက်နေ့ တို့တွင် နေပြည်တော်၌ ကျင်းပနေပြီး တနိုင်ငံလုံးမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၊ ပါတီဝင်များ ပါဝင်သော အစည်းအဝေးကိုမူ ဇန်န၀ါရီလဆန်းပိုင်း၌ ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။