အာဆီယံ တက္ကသိုလ်များ အားကစားပွဲ ကြေးတံဆိပ် ၂ ခုသာ မြန်မာ ချိတ်သေး

Wednesday, 22 December 2010 16:23 သတင်းတိုများ
Print
၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလီဘောပွဲစဉ်တွင် ယနေ့ ကျင်းပသည့် တတိယနေရာလုပွဲ၌ မြန်မာက မလေးရှားအသင်းအား ၃ ပွဲပြတ် ရှုံးနိမ့်ကာ ကြေးတံဆိပ်ဆုနှင့် လွဲချော်သွားသည်။ အမျိုးသမီး တစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ တတိယနေရာလုပွဲတွင်မှု မြန်မာက စင်ကာပူကို ၂ ပွဲပြတ်ဖြင့်နိုင်ပြီး ကြေးတံဆိပ်ဆုရရှိသည်။ မြန်မာနိုင်ငံက ယနေ့အထိ ကြေးတံဆိပ် ဆု ၂ သာ ရရှိထားပြီး အိမ်ရှင် ထိုင်းနိုင်ငံက စုစုပေါင်း ဆုတံဆိပ် ၁၁၁ ခုရရှိထားသည်။