ပုဂံတွင် ရိုးရာခြင်းလုံး အားကစား ပြိုင်ပွဲ ကျင်းပမည်

Monday, 17 January 2011 12:48 သတင်းတိုများ
Print
မြန်မာ့ ရိုးရာ ခြင်းလုံး အားကစား ပြိုင်ပွဲကို ဇန်န၀ါရီ ၂၆ ရက်မှ ၃၀ ရက်အထိ မန္တလေးတိုင်း ပုဂံ-ညောင်ဦး တွင် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ ယင်းပြိုင်ပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့်အနေဖြင့် မြန်မာနိုင်ငံခြင်း လုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ပူးပေါင်းကျင်းပခြင်းဖြစ်သည်ဟု တာဝန်ရှိသူတဦးက ပြောသည်။ မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ၌ ထည့်သွင်းရန် အစီအစဉ်ရှိကြောင်း လည်း သိရသည်။