မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြော

Friday, 28 January 2011 11:58 သတင်းတိုများ
Print
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မီဒီယာများသည် ခွင့်ပြုရန်လွယ်ကူ သော်လည်း ထိန်းချုပ်ရန် ခက်ခဲသည် ဟု ပြောကြားကြောင်း သိရသည်။ နေပြည်တော်၌ မကြာမီ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများ သတင်းထုတ်ပြန်ရေးအတွက် မီဒီယာများကို ခွင့်ပြုရန်၊ ခွင့်မပြုရန် နှင့် ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း ၏ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦး ကပြောသည်။