အထူး စီးပွားရေးဇုန် ဥပဒေ ထုတ်ပြန်

Friday, 28 January 2011 11:59 သတင်းတိုများ
Print
စစ်အစိုးရက နိုင်ငံတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာရန် ရည်ရွယ်ချက်ဖြင့် အထူး စီးပွားရေးဇုန် ဆိုင်ရာ ဥပဒေ ပြဌာန်း လိုက်ကြောင်း သိရသည်။ ကျန်းမာရေး စောင့်ရှောက်မှု၊ ဘဏ္ဍာရေး နှင့် အာမခံ ၊ မြေယာ အသုံးပြုမှု၊ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ စသည့် ကဏ္ဍများ ပါဝင်သော အခန်း ၁၂ ခန်း ပါ ဥပဒေကို ထုတ်ပြန်ကြောင်း၊ ယင်း ဥပဒေသည် ၁၉၈၈ နောက်ပိုင်း၌ ပထမဆုံးအကြိမ် ထုတ်ပြန်သည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ ဖြစ်ကြောင်း တရုတ် ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။