ဒုဗိုလ်ချုပ်ကြီးမောင်အေး၏ သားမက် ဗိုလ်မှူးပြည်အောင်ကို တပ်မှထုတ်ပယ်

Thursday, 17 February 2011 11:05 သတင်းတိုများ
Print
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏ တဦးတည်းသောသမီး မနန္ဒာအေး၏ ခင်ပွန်း ဗိုလ်မှူး ပြည်အောင်ကို တပ် စည်းကမ်း မလိုက်နာမှုဖြင့် တပ်မှ ထုတ်ပယ်လိုက်ကြောင်း စစ်ဘက်အသိုင်းအဝန်းက ပြောသည်။ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း၏သား ဗိုလ်မှူး ပြည်အောင်သည် ဗိုလ်မှူးများ မဖြစ်မနေ တက်ရောက်ရမည့် တပ်ရင်းမှူး သင်တန်းကို မတက်ရောက်ဘဲ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အတွက် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသိပေး တိုင်ကြားခဲ့ရာမှ တပ်စည်းကမ်းမလိုက်နာမှုဖြင့် တပ်မှထုတ်ပယ်ခြင်း ဖြစ်ကြောင်း သိရသည်။