မြ၀တီမြို့နယ်ခွဲ အသစ်ကို တိုက်ဦးမည်ဟု DKBA သတိပေး

Thursday, 24 February 2011 10:59 သတင်းတိုများ
Print
ကရင်ပြည်နယ် မြ၀တီခရိုင် အတွင်း မကြာမီ ဖွင့်လှစ်မည့် ချူးကလိမြို့နယ်ခွဲ အသစ်ကို တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)က တိုက်ခိုက်မည့်စစ်ဆင်ရေး ရှိသည့်အတွက် တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင် ရှောင်တိမ်း နိုင် ရန် သတိပေးထားသည်။ ယင်းမြို့သစ်သည် မြ၀တီတောင်ဘက် မိုင် ၃၀ ကျော်အကွာ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အစပ်တွင်တည်ရှိပြီး လက်ရှိလုံခြုံရေးတာဝန်ကို ရဲ ၀န်ထမ်း ၁၀၀ ကျော်က တာဝန်ယူထားသည်ဟု သိရသည်။