ရွေးကောက်ပွဲစရိတ် မပြနိုင်သူ အရည်အချင်း ပျက်ယွင်းဟု သတ်မှတ်

Tuesday, 15 March 2011 13:20 သတင်းတိုများ
Print
၂၀၁၀ နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ နှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ၉ ဦးကို သတ်မှတ်ရက် အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း မတင်သွင်း နိုင်၍ ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ရက်စွဲဖြင့် အရည်အချင်း ပျက်ယွင်းသူများအဖြစ် သတ်မှတ် ကြေညာလိုက်သည်။ ထိုသူများသည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ အရ ယခုကြေညာသည့်နေ့မှစ၍ လက်ရှိလွှတ်တော် သက်တမ်း နှင့် နောက်လာမည့်လွှတ်တော်သက်တမ်းအတွက် ကျင်းပ သည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း သိရသည်။