စစ်အစိုးရက“စစ်”ကိုမလိုလားဟုဦးကျော်ဆန်းပြော

Tuesday, 22 March 2011 13:15 သတင်းတိုများ
Print
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်တပ်က ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် မလွှဲမရှောင်သာ လက်နက်စွဲကိုင်တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း၊ လက်ရှိ စစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို လိုလားပြီး“စစ်”ကို မလိုလားကြောင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားလိုက်သည်။ ကရင်ပြည်နယ် လှိုင်းဘွဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစောသိန်းအောင်၏ ကရင်ပြည်နယ်အတွင်းမှ စစ်ပြေးဒုက္ခသည်များအတွက် အစိုးရ အကူအညီများနှင့် ပတ်သက်ပြီး ယမန်နေ့က လွှတ်တော် အစည်းအဝေး၌ မေးမြန်ချက်ကို ဦးကျော်ဆန်းက ယင်းသို့ပြန်လည်ဖြေကြားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။