နေပြည်တော် ကျောက်မျက်ပွဲ ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး ရောင်းရ

Wednesday, 23 March 2011 15:34 သတင်းတိုများ
Print
နေပြည်တော်တွင် ၁၃ ရက်ကြာကျင်းပသည့် ၄၈ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းတွဲ ၁၃၆၀၈ တွဲ အပါ အ၀င်  စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော် ရောင်းချခဲ့ရသည်ဟု သိရသည်။ ပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၁၆၉၃၉ ခန့်၊ ကျောက်မျက် အတွဲပေါင်း၂၀၆ တွဲနှင့် ပုလဲအတွဲ ၂၅၅ တွဲ ခင်းကျင်းပြသထားခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသည့် ကျောက်မျက်ရတနာ ပြပွဲတွင် အမေရိကန် ဒေါ်လာ ၁.၄၄ ဘီလီယံ ခန့် ရောင်းချခဲ့ရပြီး ယင်းပမာဏ သည် ကျောက်မျက်ရတနာပြပွဲ သက်တမ်းတလျှောက် ပထမဆုံး အကြိမ် အများဆုံးစံချိန်တင် ရောင်းချရခြင်းဖြစ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။