နောက်ဆက်တွဲ ငလျင်ကြောင့် အိမ်များ ထပ်ပြို

Monday, 28 March 2011 12:47 သတင်းတိုများ
Print
ရှမ်းပြည်အရှေ့ပိုင်းတွင် နောက်ဆက်တွဲ ငလျင်များအနက် ယမန်နေ့ နံနက် ၃ နာရီက လှုပ်သွားသော ငလျင်ကြောင့် အိမ်များ ထပ်မံပြိုကျသည်။ စိတ်ချလုံခြုံရမှု မရှိသည့်အတွက် ငလျင်ဒဏ်ခံ ဒုက္ခသည်များသည် ကွင်းပြင်များအတွင်း၌သာ ထွက်နေကြကြောင်း၊ သောက်သုံးရေနှင့် အစားအစာများ လိုအပ်လျက်ရှိကြောင်း သိရသည်။