ဦးသိန်းစိန် အစိုးရသစ် ကျမ်းကျိန်တော့မည်

Tuesday, 29 March 2011 11:59 သတင်းတိုများ
Print
ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်အဖွဲ့၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတ်လ ၃၀ ရက်နေ့၌ တနိုင်ငံလုံး တပြိုင်နက်ကျင်း ပ သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ ထိုနေ့တွင် သမ္မတ၊ ဒု သမ္မတနှင့် ၀န်ကြီးများ၊ ပြည်နယ် အစိုးရ အဖွဲ့၏ ၀န်ကြီးများ အားလုံး ဌာနနှင့် တာဝန်ယူမည့်သူ၏ အမည်များကို ကြေညာသွားမည်ဟု သိရသည်။ အစိုးရသစ် အဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုမည့် အကြောင်း အရာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ လွှတ်တော် ကိုယ်စားလှယ် များက မသိသေးကြောင်း ပြောဆိုကြသည်။