ငလျင်ကြောင့် ကျကူနီရွာတွင် ၈၅ ဦးသေ

Tuesday, 29 March 2011 14:24 သတင်းတိုများ
Print
ရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ငလျင်လှုပ်ပြီး ၄ ရက်ကြာသည့်တိုင် မည်သည့် ကူညီကယ်ဆယ်ရေး အဖွဲ့မှ သွားရောက်နိုင်ခြင်း မရှိသော ကျကူနီရွာတွင် လူ ၈၅ ဦးသေဆုံးပြီး ၃၁ လောင်းကိုသာ အပျက်အစီးများကြားမှ တူးဖော်နိုင်သေးကြောင်း သိရသည်။ ကျကူနီရွာသို့ ယမန်နေ့က ခမရ ၃၁၆ မှ တပ်ခွဲ ၂ ခွဲနှင့် မိုင်းဖြတ်ဗျူဟာတို့ ပူပေါင်းပြီး သွားရောက်ရာမှ ယင်းအခြေအနေကို သိရှိရခြင်းဖြစ်ကြောင်း၊ သေဆုံးသူ များပြားပြီး ၄ ရက်ကြာမြင့်ပြီဖြစ်သဖြင့် အနံ့အသက်များ ဆိုးဝါးနေကြောင်း သိရသည်။