နအဖကို ဖျက်သိမ်း၊ အာဏာကို အစိုးရသစ်သို့လွှဲ

Wednesday, 30 March 2011 12:47 သတင်းတိုများ
Print
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ကို ဖျက်သိမ်းကြောင်း ယနေ့ နေ့လည်တွင် ကြေညာသွားသည်။ ထို့အတူ တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများကိုလည်း ဖျက်သိမ်းလိုက်ကြောင်း၊ အာဏာအရပ်ရပ်အား အစိုးရသစ်သို့ လွှဲပြောင်းပေးအပ်ကြောင်းလည်း ကြေညာသည်။ ကြေညာချက်အားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။