နေပြည်တော် လွှတ်တော် အစည်းအဝေးများကို၂ လကြာ တက်ရောက်ခဲ့ကြသော လွှတ်တော် အမတ်များသည် ယနေ့ ညနေ မှ စတင်ကာ မိမိတို့နေရပ်များသို့ ပြန်ကြတော့မည်ဖြစ်သည်ဟု အမတ်များက ပြောသည်။ ၎င်းတို့သည် ပြည်သူများ၏ လိုအပ် ချက်များကို လွှတ်တော်၌ ဆွေးနွေးမည်ဟု ရည်ရွယ်ချက်ဖြင့် တက်ရောက်ကြသော်လည်း ရည်ရွယ်သည့်အတိုင်း ပြောဆိုဆွေးနွေးခွင့်မရကြ၍ စိတ်ပျက်နေပြီး လွှတ်တော် အဆုံးသတ်ရေးကိုသာ စောင့်မျှော်နေခဲ့ကြကြောင်း၊ ယနေ့တွင် အစိုးရသစ် ကျမ်း ကျိန်၊ အာဏာ လွှဲယူပြီးဖြစ်ကာ လွှတ်တော် အစည်းအဝေးများလည်း ပြီးဆုံး၍ ပြန်ခွင့်ရကြပြီဖြစ်ကြောင်း ပြောဆိုကြသည်။